29 C
Yangon

မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရ၊ ပေါင်းတည်မြို့နယ်တွင် စစ်ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရ၊ ပေါင်းတည်မြို့နယ်တွင် စစ်ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို 1KG ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနေ့က ကျောက်ရစ် ရဲစခန်းကို ဗုံးသီး ၄ လုံးချခဲ့တာ စစ်ခွေး ၂ ကောင် ပြင်းထန် ဒဏ်ရာရတယ်။ စစ်ခွေးတွေ အော်ဟစ် ညည်းညူသံနေကြတယ်လို့ သိရတယ်” ဟု မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Forces ၊ ဧရာဝတီမင်းသား ပြောက်ကျားတပ်ဖွဲ့ ၊ ပြည်သူ့အင်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းအုပ်စု၊ လဲဝင်ကျေးရွာအတွင်းသို့ ဝင်ရောက်လာသော စစ် ကောင်စီတပ်သားများကို လက်နက်ကြီးမြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၃၆၀၁ PPDF တပ်ရင်း ဆက်သယ်ရေးနှင့် သတင်းပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဒီဇင်ဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်က နတ်တလင်းမြို့နယ်၊ ပျဉ်းမခေါင်ရွာမှ ပြည်သူများကို သတ်ဖြတ်ကာ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းအုပ်စု၊ လဲဝင် ကျေးရွာအတွင်းသို့ ဆက်လက်စစ်ကြောင်းထိုးဝင်ရောက်စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီး ၁၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၃ ဦးဒဏ်ရာရရှိကာ လဲဝင်ချောင်းအတွင်း ထွက်ပေးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၆၀၁ PPDF တပ်ရင်းမှ ရဲဘော် များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ပြန်လည် ပစ် ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ လုပ်ဆောင်နိုင်ခဲ့ ကြောင်း သိရသည်။

အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူမစောထီး၊ စစ်ကောင်စီခန့် ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ပြည်သူ့ရင်ခွင်ထံ အချိန်မီအလင်းဝင်ရောက်ကြရန် ပေါင်းတည်မြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF တပ်ရင်း ၃၆၀၁ က သတိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article