28 C
Yangon

NUG သိမ်းပိုက်ထားတဲ့ ခမ်းပတ်မြို့အနီး၊ ကနန်ကျေးရွာကို စစ်တပ်က ဗုံးကျဲမှု ရုပ်အလောင်း ၁၅ လောင်းအထိ တိုးလာ

Must read

NUG သိမ်းပိုက်ထားတဲ့ ခမ်းပတ်မြို့အနီး၊ ကနန်ကျေးရွာကို စစ်တပ်က ဗုံးကျဲမှု ရုပ်အလောင်း ၁၅ လောင်းအထိ တိုးလာ

ရန်ကုန်၊ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကနန်ရွာကို ဒီကနေ့ ဇန်နဝါရီ ၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးဆယ်လုံးကျော် ကျဲချခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတွေအပါအဝင်အရပ်သားနှစ်ဆယ်ကျော်ထိခိုက်ပြီး လက်ရှိအချိန်ထိ ရုပ်အလောင်း ၁၅ လောင်းအထိ တိုးလာတယ်လို့သိရပါတယ်။

” ဒါလောလောဆယ်အတိအကျမသိရသေးဘူး။ သေဆုံးသူထဲမှာ အရွယ်မရောက်သေးတာ လေးယောက်ပါတယ်”လို့ သတင်းရင်းမြစ်ကပြောပါတယ်။

ကနန်ကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာဟာ ဒလန်သတင်းပေးမူကြောင့်ဖြစ်တယ်လို့ ဒေသခံတစ်ဦးကဆိုပါတယ်။

စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့ ကနန်ကျေးရွာဟာ အမျိုးသားညီညွတ်ရေးအစိုးရသိမ်းပိုက်ထားတဲ့ ခမ်းပတ်မြို့အနီးမှာတည်ရှိတာဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article