ရန်ကုန် ၊ ဧပြီ ၂
မကွေးတိုင်း နတ်မောက်မြို့နယ် ကုလားရှင်စံပြကျေးရွာ ဝိဇ္ဇာမဟိဒ္ဓိကျောင်းတွင် သီတင်းသုံးနေသည့် အရှင် ဝီရိယာစာရ (ပထမကြီးတန်း) ကို ဧပြီလ ၁ ရက်နေ့ည ၇ နာရီ ခွဲအချိန်တွင် အကြမ်းဖက် စစ်ကောင်စီမှ သိက္ခာမချဘဲ အတင်းအဓ္ဓမလူဝတ်လဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မန္တလေးသံဃာသမဂ္ဂ၏ ဆရာတော်တစ်ပါးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“ဆရာတော်ကြီးတွေ ရှေ့မှာ သိက္ခာမချဘဲ အတင်းအဓမ္မလူဝတ်လဲ ဖမ်းဆီးသွားပါတယ်။ ဦးဇင်းငယ်လေးက စာအလွန်ကြိုးစားတဲ့ ရဟန်းငယ်လေးပါ။ အရင်ဆန္ဒပြခဲ့ဖူးပေမယ့် အခုလက်ရှိ ဘာမှ လုပ်တာ ပြောတာ မရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်” ဟု အရှင် ဝီရိယာစာရ(ပထမကြီးတန်း)၏ ဆရာ သံဃာတော်တစ်ပါးက မိန့်ာကားသည်။
မြေအောက်တော်လှန်ရေးသများနှင့် ဆက်သွယ်သည်ဟု အတင်းအဓမ္မစွပ်စွဲကာ အရှင် ဝီရိယာစာရ(ပထမကြီးတန်း)ကို ဖမ်းဆီးခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မည်သည့်နေရာတွင် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရကြောင်း၊ မိဘဆွေမျိုးများ၊ ဆရာတော်များမှ အလွန်စိုးရိမ်ပူပန်နေကြောင်း မန္တလေးသံဃာသမဂ္ဂဆရာတော်က မိန့်ဆိုသည်။



