27 C
Yangon

အုတ်ဖိုမြို့နယ်၊ မြောာင်ကျေးရွာရှိ ပျူလောင်းကစားဝိုင်းကို ဝင်ရောက်တိုက် ခိုက်မှု ၅ ဦးသေဆုံး

Must read

အုတ်ဖိုမြို့နယ်၊ မြောာင်ကျေးရွာရှိ ပျူလောင်းကစားဝိုင်းကို ဝင်ရောက်တိုက် ခိုက်မှု ၅ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၈

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြိုနယ်၊ မြောင်ကျေးရွာတွင် ပျူစောထီး ခေါင်းဆောင်ပြီး အကြမ်း ဖက်စစ်သား၊ ပျူစောထီးများ လောင်းကစား ဝိုင်း ပြု လုပ်နေစဉ် ဝင်ရောက်ပစ်ခတ်ရှင်းလင်းရာ ပျူခေါင်းဆောင်အပါအဝင် ပျူစော ထီး ၄ ဦး၊ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီ ခရိုင် တပ် ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၇ ရက် မွန်းလွဲ ၂ နာရီခန့်က အုတ်ဖိုမြို့နယ်၊ မြောင် ကျေး ရွာ၌ အကြမ်းဖက်စစ် ကောင်စီတပ်သားများ လုံခြုံရေးယူပေးပြီး အုပ် ချုပ်ရေးမှူး ပျူခေါင်းဆောင် ကျော်ကိုကိုဦးဆောင် ကာ ပျူစောထီးများ လောင်း ကစားဝိုင်း ပြုလုပ်နေစဉ်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ် ခတ်တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး မြောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် ကျော်ကိုကို၊ ပျူစောထီး ၃ဦး၊ စစ်ကောင်စီတပ်သား ၁ ဦး စုစုပေါင်း ၅ ဦး သေဆုံးပြီး အထိနာသွား၍ ဖရိုဖရဲဖြင့် ဆုတ်ခွာထွက် ပြေး သွားကြောင်း သိရသည်။

“စခ ၅ ကောင် ကင်းစောင့်ပေးတာ၊ အဲဒီထဲက ၁ ကောင်သေတယ်၊ သေနတ် တော့ ကျန်တဲ့ ၄ ကောင် က ယူပြီးထွက်ပြေးကြတယ်၊ အခုသေတဲ့အထဲ စခ ၁ ကောင်ပဲ အတည်ပြုနိုင်တယ်၊ ၂ ကောင်ဖြစ် မလားတော့မသိဘူး၊ သေတဲ့ အထဲမှာက မြောင်ရွာက ပျူခေါင်းဆောင် အုပ်ကြီးကျော်ကိုကို၊ ပျူ မင်းမင်း၊ ပျူ မင်းသူ အောင် သူတို့ ၃ ဦးက ရွာခံတွေ၊ အခုဝင်တိုက်ခဲ့တဲ့နေရာက ခမရ ၆ တိမ် မြှုပ် တပ်နဲ့နီးတယ်၊ ဆိုင်ကယ်နဲ့လာရင် ၁၅ မိနစ်ပဲကြာတာ၊ ဒါပေမယ့် သူတို့မ လာရဲကြဘူး” ဟု သာယာ ဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

စစ်ကောင်စီတပ်သား၊ ပျူစောထီးများ ထွက်ပြေးသွားပြီးနောက် လောင်းကစား ဝိုင်းအတွင်းမှ လက် လုပ် သေနတ်၂ လက်၊ လက်ပစ် ဗုံး၂ လုံး၊ လက်ကောက် နှင့် ဆွဲကြိုးထည့်ထားသည့် ကော်ဗူးတခု၊ မိုလ် ဘိုင်းဖုန်း ၃ လုံး၊ ငွေသား ၇၈၀၀၀ ကျပ်၊ စစ်ယူနီဖောင်း၈စုံ၊ မှတ်ပုံတင် ၁ ခုနှင့် စာရွက်စာတမ်း အချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ-အုတ်ဖို၏ ရဲဘော်များမှ ရှောင်တခင် စီးနင်းတိုက် ခိုက်ခဲ့ ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များအထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article