ရန်ကုန်၊ မြောက်ဥက္ကလာမြို့နယ်တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ “လူငယ်တွေသေပေးနေရတယ်” စာတန်း ချိတ်ဆွဲ
ရန်ကုန်၊ ဇန်နဝါရီ ၈
ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့တွင် “လူငယ်တွေသေပေးနေရတယ်” စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။
“လူငယ်တွေ သေပေးနေရတယ် လူကြီးတွေက အခုထိ ခုံလုလို့ကောင်းတုန်း စတေးခံမျိုးဆက်က ကျွန်တော်တို့ဖြစ်မယ် ဆိုရင်လည်း ကောင်းစားမယ့်သူက ဦးဆောင်သူမဟုတ်ဘဲ ပြည်သူသာဖြစ်ရမယ် ဒါကျွန်တော်တို့လူငယ်တွေရဲ့ ဆန္ဒပဲ” ဟု တော်လှန်လူငယ် ခေါင်းဆောင် ကိုသားထက်က ပြောဆိုသည်။