26 C
Yangon

ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင် ဗျူဟာစခန်းမှ စစ်ကောင်စီ တပ်သား ၂၀၀ ကျော် လက်နက်ချအညံ့ခံ၊ မြောက်ဦးမြို့နယ်ရှိ သင်းကျစ်တော်တောင်စခန်းကို AA က အပြီးသတ် သိမ်းပိုက်၊ လက်နက် ခဲယမ်း အများအပြား သိမ်းဆည်းရရှိ

Must read

ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင် ဗျူဟာစခန်းမှ စစ်ကောင်စီ တပ်သား ၂၀၀ ကျော် လက်နက်ချအညံ့ခံ၊ မြောက်ဦးမြို့နယ်ရှိ သင်းကျစ်တော်တောင်စခန်းကို AA က အပြီးသတ် သိမ်းပိုက်၊ လက်နက် ခဲယမ်း အများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၈

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ တောင်ရှည်တောင် ဗျူဟာစခန်းကုန်းမှ စစ်ကောင်စီ တပ်သား ၂၀၀ ကျော်လက်နက်ချအညံ့ခံခဲ့ပြီး မြောက်ဦးမြို့နယ်ရှိ သင်းကျစ်တောင်စခန်းကို အပြီးသတ် သိမ်းပိုက်ခဲ့ကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိထားကြောင်း ရခိုင်တပ်တော် – AA က ထုတ်ပြန်ထားသည်။

ရှမ်းမြောက်ဒေသ အတွင်း၌ ဒကစ (လောက်ကိုင်) တစ်ခုလုံး လက်နက်ချအညံ့ခံပြီးနောက် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာစခန်းမှ စစ်ကောင်စီတပ်သား အင်အား ၂၀၀ ကျော်လက်နက်ချအညံ့ခံခဲ့ပြီး ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း ရခိုင်တပ်တော်နှင့်အတူ မိတ်ဖက် အဖွဲ့အစည်းအချို့မှ ရဲဘော်များလည်း စစ်ရေးအတွေ့အကြုံယူရင်း တက်ကြွစွာ တိုက်ပွဲဝင်ခဲ့ကြ ကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၇ ရက် ညနေ ၄ နာရီခန့်က ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ သင်းကျစ်တော် တောင် စခန်းကို ရခိုင်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး စစ်အသုံးအဆောင် ပစ္စည်းများနှင့် လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၇ ရက်နေ့မှ စ၍ ပလက်ဝမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်စခန်းများ အားလုံးကို သိမ်းပိုက်ရရှိထားပြီး ပလက်ဝ ဒေသတစ်ခုလုံး စစ်ကောင်စီ ကင်းစင်သည့် နယ်မြေ ဖြစ်လာနိုင်ရန် ကျန်ရှိနေသော စစ်ကောင်စီတပ်စခန်းများကို ယခုရက်ပိုင်းအတွင်း အပြီးသတ် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ရှင်းလက်ဝ(ချင်းလက်ဝ) စခန်းသိမ်းတိုက်ပွဲမှ အိန္ဒိယနိုင်ငံအတွင်းသို့ အာသံ ရိုင်ဖယ်၏ အကူအညီဖြင့် ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲဝင် အင်အား ၁၀၄ ဦး နှင့် ဒီဇင်ဘာလ ၂၉ ရက်နေ့က ပွိင့် ၃၇၇ စခန်းမှ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲဝင် အင်အား ၁၅၁ ဦး တို့ကို အိန္ဒိယအစိုးရမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် စစ်ကောင်စီတပ်ထံ ပြန်လည် လွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများ၊ စစ်စခန်းများအနေဖြင့် လက်နက်ချအညံ့ခံလိုပါက အချိန်မရွေး ဆက် သွယ်နိုင်ကြောင်း၊ စစ်ကောင်စီ၏ တပ်စခန်းများမှ လက်နက်ချ အညံ့ခံရန် (သို့မဟုတ်) ပြည်သူ့ ရင်ခွင်ထဲသို့ ဝင်ရောက်ခိုလှုံရန် ဆက်သွယ်မှုများရရှိထားကြောင်း ရခိုင်တပ်တော် – AA က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article