27 C
Yangon

ကျောက်ဖြူရှိ စစ်ကောင်စီ၏ ဓည၀တီ ရေတပ်စခန်းကို AA က ပထမဆုံး အကြိမ် အဖြစ် တိုက်ခိုက်၊ ရခိုင်ပြည်နယ်နှင့်ပလက်၀တွင် နေရာအနှံ့ တိုက်ပွဲ များ ဆက်လက်ပြင်းထန်နေ

Must read

ကျောက်ဖြူရှိ စစ်ကောင်စီ၏ ဓည၀တီ ရေတပ်စခန်းကို AA က ပထမဆုံး အကြိမ် အဖြစ် တိုက်ခိုက်၊ ရခိုင်ပြည်နယ်နှင့်ပလက်၀တွင် နေရာအနှံ့ တိုက်ပွဲ များ ဆက်လက်ပြင်းထန်နေ

ရန်ကုန်၊ ဇန်နဝါရီ ၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ ဓည၀တီ ရေတပ်စခန်းကို AA က ပထမဆုံးအကြိမ်တိုက်ခိုက်ကြောင်း မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန် ရက္ခိုင်ပြည်၊ ကျောက်ဖြူ မြို့ နယ်၊ သစ်ပုတ်တောင်‌ကျေးရွာအနီးရှိ စစ်ကောင်စီ ၏ “ဓညဝတီ ရေတပ် စခန်း” ကို ရက္ခိုင့်တပ်တော် (AA) က ပထမဆုံးအကြိမ် စတင်တိုက်ခိုက်ခဲ့ ကြောင်း၊ ထို့ပြင် ရက္ခိုင်ပြည်၊ မြောက်ဦးမြိုနယ်တွင် ပြည်သူလူထုအား လက် နက်ကြီးများဖြင့် နှစ်ရှည်လများ ပစ်ခတ်အနိုင်ကျင့်နေခဲ့ သည့် စစ်ကောင်စီ၏ “မြောက်ဦး၊ သင်းကျစ်တော်တောင်စခန်း” ကို ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန် အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့ကြောင်း စခန်းကုန်းသိမ်းတိုက်ပွဲ အတွင်း ရန်သူဘက်မှ စစ်အသုံးအဆောင်ပစ္စည်းများ နှင့် လက်နက်ခဲယမ်း အများ အပြားတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၈ ရက်နေ့ ညသန်းခေါင် ၁၂ နာရီအချိန် စစ်ကောင်စီ၏ တိုက်လေယာဉ်များက မြောက်ဦးမြိုနယ်၊ အိုးထိမ်းကျေးရွာနှင့် တိန်ညို‌ ကျေး ရွာအနီးတစ်ဝိုက်သို့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့၍ အိုးထိမ်းကျေးရွာရှိ ‌နေ အိမ် အချို့မှာ လက်နက်ကြီး ကျည်ထိမှန်၍ လုံးဝပျက်စီးခဲ့ရကြောင်း၊ မြောက် ဦး မြိုနယ်၊ တိန်ညိုကျေးရွာအတွင်းသို့ စစ်တပ်က ဒရုန်းဖြင့် ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့တွင်လည်း ရက္ခိုင့်တပ်တော် (AA) နှင့် မြိုတွင်း စခန်း ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲဝင်များအကြား ထိတွေ့တိုက်ပွဲများ ဆက် လက်ရှိနေခဲ့ကြောင်း၊ ဇန်နဝါရီလ ၈ ရက်နေ့ ညသန်းခေါင်အချိန် ၁ နာရီခန့် အချိန် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို၊ အမှတ် ၅ ရပ်ကွက်နေ မွတ်စလင် ၃ ဦးကို စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက်တပ်ရင်းများဖြစ်ကြသည့် “ခမရ ၂၃၃ ” နှင့် “ခမရ ၂၆၃ ” တို့က နေအိမ်များအတွင်းသို အတင်းအဓမ္မ အင်အား သုံးဝင်ရောက်၍ မတရားဖမ်းဆီးခေါ်ယူသွားခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ပလက်ဝဒေသတစ်ခုလုံးရှိ စစ်တပ်စခန်းများကို အပြီးသတ် သိမ်း ပိုက် ရယူနိုင်ရေးအတွက် မရပ်မနား ဆက်လက်ထိုးစစ် ဆင်တိုက် ခိုက်လျက် ရှိကြောင်း၊ ပလက်ဝအနောက်ဘက်ခြမ်းရှိ စစ်ကောင်စီ စခန်း အားလုံးမှာ လည်း ရက္ခိုင့်တပ်တော်လက်ထဲသို ကျရောက်ခဲ့ပြီဖြစ်ကြောင်း၊ တစ်ပြိုင်နက် တည်းတွင် ပလက်ဝပတ်ဝန်းကျင်အနီး၌ သိမ်းပိုက်ရန် ကျန်ရှိနေ သေး သော စခန်းများအား တစ်ခုမကျန် သိမ်းပိုက်ရယူနိုင်ရန်အတွက် ဆောင်ရွ က်လျက် ရှိကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ပြောဆိုသည်။

ဓာတ်ပုံ- ကျောက်တော်မြို့နယ်၊ တင်းမ စစ်ကောင်စီဗျူဟာကုန်းကို AA တပ်ဖွဲ့က သိမ်းပိုက်ထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article