26 C
Yangon

မန္တလေး Passport ရုံးမှာ လူထောင်ချီ စောင့်ဆိုင်းနေရပြီး ရဲနှင့်ပွဲစားများ ပူးပေါင်းလုပ်စားမှုကြောင့် ကြိတ်ကြိတ်တိုး တန်းစီသူများ နိုင်ငံကူးလက်မှတ် လျှောက်ထားမှု အလွန်ခက်ခဲနေ

Must read

မန္တလေး Passport ရုံးမှာ လူထောင်ချီ စောင့်ဆိုင်းနေရပြီး ရဲနှင့်ပွဲစားများ ပူးပေါင်းလုပ်စားမှုကြောင့် ကြိတ်ကြိတ်တိုး တန်းစီသူများ နိုင်ငံကူးလက်မှတ် လျှောက်ထားမှု အလွန်ခက်ခဲနေ

ရန်ကုန်၊ ဇန်နဝါရီ ၉

ပြည်ပနိုင်ငံများသို့ ထွက်ခွာရန်အတွက် မန္တလေး Passport ရုံးတွင် လူထောင် ချီ၍ နေ့စဉ် စောင့်ဆိုင်း နိုင်ငံကူးလကမှတ် လျှောက် ထားနေကြပြီး ရဲနှင့် ပွဲစား များ ပူးပေါင်းလုပ်စားမှုကြောင့် ကြိတ်ကြိတ်တိုး တန်းစီသူများ နိုင်ငံ ကူးလက် မှတ် လျှောက်ထားမှု အလွန်ခက်ခဲနေကြောင်း နိုင်ငံကူးလက်မှတ် လုပ်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မန္တလေး နိုင်ငံကူးလက်မှတ်ရုံးတွင် နေ့စဉ် ရာဂဏန်းသာ လက်ခံ၍ လျှောက် လွှာ လက်ခံပြီး လာရောက်တန်းစီသူများကို စနစ် တကျမဟုတ်ဘဲ ကြုံသလို တန်းစီခိုင်းခြင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမည့်သူနှင့် အသစ် လုပ် မည့်သူများကို ခွဲခြားခြင်း မရှိဘဲ စုပြုံတိုးဝှေ့ခိုင်းခြင်းတို့ကြောင့် လူတန်း ရှည်ကြီး ဖြစ်ကာ အများစုမှာ တစ်ကြိမ်တည်း နိုင်ငံကူးလက်မှတ် လျှောက် ထား၍ မ ရကြောင်း၊ သို့ရာတွင် ပွဲစားများနှင့် ငွေကျပ် သိန်းချီပေး၍ လုပ်မည် ဆိုလျှင် အလွန်လွယ်ကူကြောင်း သိရှိရသည်။

“မန္တလေး မှာ Passport ရုံးမှာ လူတွေ passport ရဖို့ မနက် ၄ နာရီလောက် ကတည်းက တန်းစီရတယ်။ တချို့ဆို ညပါအိပ်ရတယ်။ လူပေါင်း ထောင်ချီပဲ။ ဒါပေမယ့် ရုံးက လက်ခံတာက တစ်နေ့ကို လူ ၂၅၀ လောက်ပဲ လက်ခံတယ်။ နောက်ဆုံးတော့ ပွဲစားတွေ လုပ်စားတာပေါ့။ အခုက Passport လုပ်ဖို့ မလွယ် ဘူး ဖြစ်နေတယ်။ သူတို့က သက်တမ်းတိုးမယ့်သူ အသစ်လျှောက် မယ့်သူ စာအုပ်ထုတ်မယ့်သူလို့ ခွဲပြီးတန်း မစီခိုင်းဘဲ အကုန်ရောပြီး တိုးနေ ရတယ်။ တစ်နေ့ တစ်နေ့ နိုင်ငံကူးလက်မှတ် လျှောက်မရတဲ့သူက ပိုများတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

သာမန် တန်းစီသူများအတွက် နိုင်ငံကူးလက်မှတ် လုပ်ရန် ခက်ခဲသော်လည်း ငွေကြေးတတ်နိုင်သူများအတွက် လွယ်ကူကြောင်း၊ ပွဲစားကို ငွေပေးလိုက်ပါက နိုင်ငံကူးလက်မှတ်ရုံး တာဝန်ကျ ရဲနှင့် ပွဲစားများပေါင်း၍ နိုင်ငံကူးလက်မှတ် လုပ်ပေးကြောင်း ၊ နိုင်ငံကူးလက်မှတ် အသစ်လုပ်သူများအတွက် ပွဲစားများက ‌ွေကျပ် ၆ သိန်း၊ သက်တမ်းတိုးသူများအတွက် ငွေကျပ် ၂ သိန်း ပေးရကြောင်း သိရှိရသည်။

“ပွဲစားလက်ထဲ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း ပေးလိုက်ရင်ပွဲစားက ရုံးထဲက ရဲနဲ့ချိတ်ပြီး လုပ်ပေးတယ်။ ပွဲစားခလည်း အသစ်လုပ်သူဆို ၆သိန်းတောင်း တယ်။ သက်တမ်းတိုးရင် ၂ သိန်းလောက်ပေးရတယ်။ အပြင်မှာ စာကပ် ထားတာနဲ့ လုပ်နေတာက တလွဲဖြစ်နေတယ်။ စာကပ်ထားတာက ပွဲစားမလို တဲ့ ခုတော့ တလွဲဖြစ်နေတဲ့ရုံးဖြစ်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီလက်ထက်တွင် ပြည်ပသို့ ထွက်ခွာကြသည့် လူငယ် အရေအတွက် အလွန်မြင့်တက်များပြားလာနေပြီး နိုင်ငံကူးလက်မှတ် လျှောက် ထားရယူရာတွင် လာဘ်ပေးလာဘ်ယူမှုများ အကြီးအကျယ်ဖြစ် ပေါ်လျက်ရှိ ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မန္တလေး ပတ်စ်ပို့ရုံးတွင် နံနက်အစောပိုင်း ကြိတ်ကြိတ်တိုး တန်းစီ နေကြသူများ။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article