Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၉ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အကြမ်းဖက် စစ်ကောင်စီက ရှေ့တန်းမှာ သေကုန်ကြတဲ့ အရာရှိနဲ့ စစ်သားတွေရဲ့ သတင်း ကို ကျန်ရစ်သူ မိသားစုတွေဆီ အသိပေး အကြောင်း ကြားမှုမလုပ်တော့သလို ၊ နာရေးသတင်း တွေကြောင့် စစ်တပ်ကထွက်ပြေးတဲ့ စစ်သားပြုန်းတီးမှုတွေ အလွန်မြင့်တက်နေတယ်လို့ တပ်တွင်သတင်းရင်းမြစ် က ရန်ကုန်ခေတ်သသစ်ကို ပြောပါတယ်။
– ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ဓည၀တီ ရေတပ်စခန်းကြီးကို ရက္ခိုင့်တပ်တော် AA က ပထမဆုံးအကြိမ် စတင်တိုက်ခိုက်နေပြီလို့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
– မန္တလေးမြု့က Passport ရုံးမှာ လူထောင်ချီ စောင့်ဆိုင်းနေရပြီး ရဲ နဲ့ ပွဲစားတွေ ပူးပေါင်း လုပ်စား မှုကြောင့် လူတွေ ကြိတ်ကြိတ်တိုး တန်းစီနေရသလို နိုင်ငံကူးလက်မှတ် လျှောက်ထားမှုတွေ အလွန်ခက်ခဲ နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။