34 C
Yangon

ခမ်းပတ်မြို့အနီး ကနန်ကျေးရွာတွင် ကလေး ၉ ဦး အပါအဝင် ပြည်သူ ၁၇ ဦး သေဆုံးစေသည့် တိုက်လေယာဉ်ဖြင့် စစ်တပ်က ဗုံးကျဲမှု ကျူးလွန်သူ နှင့် အမိန့်ပေးသူများကို NUG က အပြစ်ပေးအရေးယူနိုင်ရေး လုပ်ဆောင်မည်

Must read

ခမ်းပတ်မြို့အနီး ကနန်ကျေးရွာတွင် ကလေး ၉ ဦး အပါအဝင် ပြည်သူ ၁၇ ဦး သေဆုံးစေသည့် တိုက်လေယာဉ်ဖြင့် စစ်တပ်က ဗုံးကျဲမှု ကျူးလွန်သူ နှင့် အမိန့်ပေးသူများကို NUG က အပြစ်ပေးအရေးယူနိုင်ရေး လုပ်ဆောင်မည်

ရန်ကုန်၊ ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့အနီး ကနန်ကျေးရွာတွင် ကလေး ၉ ဦး အပါအဝင် ပြည်သူ ၁၇ ဦးသေဆုံးစေသည့် တိုက် လေယာဉ်ဖြင့် စစ်တပ်က ဗုံးကျဲမှုတွင် ကျူးလွန်သူ စစ်ကောင်စီနှင့် အမိန့်ပေးသူများကို အမျိုးသား ညီညွတ်ရေးအစိုးရ-NUG က အပြစ်ပေးအရေးယူနိုင်ရေး လုပ်ဆောင်မည် ဖြစ်ကြောင်း NUG က တရားဝင်ကြေညာသည်။

ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်း အရပ်သား ပြည်သူများ နေထိုင်ရာ တမူးမြို့ နယ်၊ ခမ်းပတ်မြို့၊ ကနန်ကျေးရွာတွင် တနင်္ဂနွေနေ့ ဘုရားကျောင်းဝတ်ပြု ဆု တောင်းပွဲပြုလုပ်နေစဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဖျက်အားပြင်း ဗုံး ဖြင့် ကျဲတိုက်ခိုက်ခဲ့ရာ အသက် ၅ နှစ်မှ ၁၇ နှစ်ကြားရှိ ကလေးငယ် ၉ ဦး အပါအဝင် စုစုပေါင်းသေဆုံး ၁၇ ဦးရှိကြောင်း၊ ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၁၉ ဦးရှိကြောင်း သိရ သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် နေ့အထိ မင်းအောင်လှိုင်ဦး ဆောင်သော အကြမ်းဖက်စစ်ကောင်စီက အသက် ၁၈ နှစ်အောက်ကလေးသူငယ် ၆၂၇ ဦး၊ အမျိုး သမီး ၁၀၁၇ ဦးကို သတ်ဖြတ်ခဲ့ ပြီး လေကြောင်းအသုံးပြု၍ အပြစ်မဲ့ပြည်သူများရှိရာ ရပ်ရွာများအား တိုက်ခိုက် မှုပေါင်း ၅၈၃ ကြိမ် ကျူးလွန်ခဲ့ပြီးဖြစ်ကြောင်း၊ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် မှုအတွင်း သေဆုံးသူအရပ်သား ၈၉၇ ဦး၊ ဘာသာရေးအဆောက်အဦး ပေါင်း ၇၆ လုံးနှင့် စာသင်ကျောင်းပေါင်း ၅၂ ကျောင်း ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးမျက်နှာစာအားလုံးတွင် ပိုမိုရှုံးနိမ့်လာသည့် အကြမ်း ဖက် စစ်တပ်က အရပ်သားပြည်သူများကို လေကြောင်းမှ ဖျက်အား ပြင်းဗုံးများအသုံးပြုကာ ပိုမိုတိုးမြှင့်သတ် ဖြတ်လာသည့် သက်သေ အထောက် အထား အများအပြားရရှိထားကြောင်း၊ အဆိုပါ ကျူးလွန်မှုများ တွင်ပါဝင်သော အမိန့်ပေးစေခိုင်းသူ၊ လက်ရောက်ကျူးလွန်သူ၊ အားပေးအားမြှောက် ပြုသူနှင့် တာ ဝန်ရှိသူအဆင့်ဆင့်ကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်တွင်း တရားစီရင်ရေးစနစ်ဖြင့် ဖမ်းဆီးအရေးယူပြစ်ဒဏ်ချနိုင်ရေး အားထုတ် ဆောင် ရွက်သွားမည် ဖြစ်ကြောင်း NUG က အသိပေးထားသည်။

ထို့ပြင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအနေဖြင့်လည်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ မြန်မာ့ အရေး ဆုံးဖြတ်ချက် ၂၆၆၉ (UN Security Council Resolution 2669) နောက်ဆက်တွဲအဖြစ် အကြမ်းဖက်စစ်တပ်အပေါ် ပိုမိုထိရောက်သည့် စီးပွားရေးပိတ်ဆို့မှုများနှင့် လေယာဥ်ဆီ အပါအဝင် လက်နက်ခဲယမ်း တင်ပို့ရောင်းချခြင်းကို ပိတ်ဆို့မှုတို့ ပါဝင်သော ဆုံးဖြတ် ချက်အသစ်နှင့် ထိရောက် သောအရေးယူဆောင်ရွက်မှုများ ထွက်ပေါ် လာ အောင် ဝိုင်းဝန်းလုပ်ဆောင်ပေးရန် လိုအပ်ပြီး ကျူး လွန်မှုများအတွက် အကြမ်းဖက်စစ်တပ် တာဝန်ခံမှုရှိစေမည့် နိုင်ငံတကာ၊ ဒေသဆိုင်ရာနှင့် တစ်နိုင်ငံ ချင်း တရားစွဲဆို အရေးယူနိုင်ရေး ကြိုးပမ်းမှုများတွင် ပါဝင်အား ထုတ်လုပ်ဆောင်ပေးကြပါရန် NUG အစိုးရ က တောင်းဆိုထားသည်။

ကလေးသူငယ် များကို သတ်ဖြတ်ခြင်း၊ ထိခိုက်ဒဏ်ရာ ရစေခြင်းနှင့် ရပ်ရွာ၊ ဘာသာရေး အဆောက် အဦးများ၊ စာသင် ကျောင်းများကို ပစ်မှတ်ထား တိုက် ခိုက်ခြင်းတို့သည် နိုင်ငံတကာ လူ့အခွင့်အရေး နှင့် လူသားချင်းစာနာမှု ဥပဒေများ၊ စာချုပ်စာတမ်းများ၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ လူ့ အခွင့်အရေး သဘောတူစာချုပ်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ ဂျနီဗာ သဘောတူစာချုပ်၊ ရောမဥပဒေသတို့ကို ချိုးဖောက် နေခြင်းဖြစ်ကြောင်း၊ ထိုပြစ်မှုများသည် စစ်ရာဇ ဝတ် မှုနှင့် လူသားမျိုး နွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ မြောက်နေ သည့် အတွက် လုံခြုံ ရေး ကောင်စီအနေဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးရန် ကုလသ မဂ္ဂလူ့ အခွင့် အရေး ဆိုင်ရာ မဟာမင်းကြီးကိုယ်တိုင် တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article