30 C
Yangon

ရေစကြိုမြို့နယ်ရှိ ရဲစခန်း၊ ပျူစောထီး ခေါင်းဆောင် နေအိမ်နှင့် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ဆင်မရဲ ပျူစောထီးရွာ အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁ ဦးသေဆုံး

Must read

ရေစကြိုမြို့နယ်ရှိ ရဲစခန်း၊ ပျူစောထီး ခေါင်းဆောင် နေအိမ်နှင့် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ဆင်မရဲ ပျူစောထီးရွာ အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၉

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ရဲစခန်း၊ ဆင်ချောင်းရွာရှိ ပျူစောထီး ခေါင်းဆောင် နေအိမ်နှင့် ဂိတ်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၁တပ်ရင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ဆင်ချောင်း ပျူစောထီးရွာရှိ ပျူစောထီး ခေါင်းဆောင် ငလင်း၏ နေအိမ်နှင့် ဆင်ချောင်းရွာရှိ ပျူစောထီး စစ်ဆေးရေး ဂိတ်တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ရာ ပျူစောထီး ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ထို့ပြင် တော်လှန်ရေး ရဲဘော်များက ရေစကြိုမြို့နယ်၊ ပခန်းကြီးရဲစခန်းရှိ စစ်ဗိုလ် ၁ ဦး နေထိုင်သော အဆောက်အဦးကိုလည်း ဗုံးသီး ၁ လုံးကျဲချခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုကြောင့် စစ်ဗိုလ်နေထိုင်ရာ အဆောက်အဦးရှိ ကွန်ပျူတာခန်း ထိမှန် ပေါက်ကွဲခဲ့ပြီး ကွန်ပျူတာခန်း ပျက်စီးကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု ရှိနိုင်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၁တပ်ရင်း 27 Revolution Forces, ပခုက္ကူခရိုင် Local တပ်ပေါင်းစု၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃၊ ၄၊ ၅၊ ၆ အထူးချေမှုန်းရေး တပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ဆင်မရဲ ပျူစောထီးကျေးရွာကို ပျူစောထီးများ ကားဖြင့် သဲတိုက် ထွက်လာစဥ် တော်လှန်ရေး တပ်ဖွဲ့များက ကင်းပုန်းဝပ်၍ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၄ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၁တပ်ရင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article