27 C
Yangon

KIA က ပစ်ချလိုက်သော Mi17 ရဟတ်ယာဉ်ပေါ်မှ ဗိုလ်မှူးဇော်မျိုးသန့်၊ ဗိုလ် ကြီး ကောင်းစံသိဏ်း၊ ဗိုလ်ကြီးစိုးပိုင်ကျော် အပါအဝင် တပ်ဖွဲ့ဝင် ၈ ဦး ၏ နာရေး ရက်လည်ဆွမ်းသွပ် မြစ်ကြီးနား လေတပ်ဌာနချုပ်တွင် အလောင်း မပါဘဲ ပြုလုပ်ရ

Must read

KIA က ပစ်ချလိုက်သော Mi17 ရဟတ်ယာဉ်ပေါ်မှ ဗိုလ်မှူးဇော်မျိုးသန့်၊ ဗိုလ် ကြီး ကောင်းစံသိဏ်း၊ ဗိုလ်ကြီးစိုးပိုင်ကျော် အပါအဝင် တပ်ဖွဲ့ဝင် ၈ ဦး ၏ နာရေး ရက်လည်ဆွမ်းသွပ် မြစ်ကြီးနား လေတပ်ဌာနချုပ်တွင် အလောင်း မပါဘဲ ပြုလုပ်ရ

■ သေဆုံးသူ ရဟတ်ယာဉ်မှူး ဗိုလ်မှူးဇော်မျိုးသန့်မှာ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းနှင့် အမျိုးတော်စပ်

ရန်ကုန်၊ ဇန်နဝါရီ ၉

ကချင်ပြည်နယ်၊ ၀ိုင်းမော်တွင် KIA က ပစ်ချလိုက်သဖြင့် ပျက်ကျသွားသော Mi17 ရဟတ်ယာဉ်ပေါ်မှ ဗိုလ်မှူးဇော်မျိုးသန့်၊ ဗိုလ်ကြီးကောင်းစံသိဏ်း၊ ဗိုလ်ကြီး စိုးပိုင်ကျော်၊ ဒုအရာခံဗိုလ် ဝင်းမျိုးထွန်း၊ တပ်ကြပ်ကြီး စိုးလွင်ဦး၊ တပ်ကြပ် ကြီး မျိုးမင်းဦး၊ တပ်ကြပ်ကြီး ဝေယံဦးနှင့် တပ်ကြပ်ကြီး စွမ်းထက် အောင် စုစုပေါင်း လေတပ် တပ်ဖွဲ့ဝင် ၈ ဦး၏ နာရေး ရက်လည် ဆွမ်း သွပ် ကို ယနေ့ မြစ်ကြီးနား လေတပ်ဌာနချုပ်တွင် အလောင်းမပါဘဲ ပြုလုပ်ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၅၉ မိနစ်အချိန် ကချင်ပြည်နယ်၊ ဝိုင်းမော် မြို့နယ် နာဖော့စစ်တပ်စခန်းကို ရိက္ခာလာပို့သည့် စစ်တပ်ထောက်ပို့ ရဟတ်ယာဉ် ၁ စီးကို KIA က ပစ်ချ လိုက်ခြင်းဖြစ်ပြီး စစ်ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့ကြောင်း၊ ရဟတ် ယာဉ်မှူးမှာ DSA အမှတ်စဥ် ၄၅ ကျောင်းဆင်း ဗိုလ်မှူး ဇော်မျိုးသန့် ဖြစ် ကြောင်း သိရှိရသည်။

KIA က ပစ်ချလိုက်သဖြင့် မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်၊ အမှတ် ၂၇ ရဟတ်ယာဉ်အုပ်မှ Mi17 ရဟတ်ယာဉ်ဖြင့် လိုက်ပါသော ဗိုလ်မှူးဇော်မျိုးသန့် အသက် ၄၂ နှစ်၊ ဗိုလ်ကြီး ကောင်းစံသိမ်းဏ် အသက် ၃၃ နှစ် ၊ ဗိုလ်ကြီး စိုးပိုင်ကျော် အသက် ၃၁ နှစ်၊ ဒုအရာခံဗိုလ် ဝင်းမျိုးထွန်း အသက် ၄၂ နှစ်၊ ဦးစီးတပ်ကြပ်ကြီး စိုးလွင်ဦး အသက် ၃၆ နှစ်၊ ဦးစီးတပ်ကြပ်ကြီး မျိုးမင်းဦး အသက် ၃၇ နှစ်၊ ဦးစီးတပ်ကြပ်ကြီး ဝေယံဦး အသက် ၃၁ နှစ်၊ နှင့် ဦးစီး တပ် ကြပ်ကြီး စွမ်းထက်အောင် အသက် ၂၃ နှစ်တို့ သေဆုံးခဲ့ကြကြောင်း ၊ ယနေ့ တွင် မြစ်ကြီးနား လေတပ်စခန်းဌာနချုပ်တွင် ရက်လည် ဆွမ်းသွပ် ပြုလုပ် ကြောင်း သိရှိရသည်။

“ကျနော်တို့သိတာတော့ ရက်လည် ဆွမ်းသွပ်ကို အလောင်းမပါဘဲ ဓာတ်ပုံနဲ့ အခေါင်းချပြီး မြစ်ကြီးလေတပ်စခန်းဌာနချုပ်မှာ လုပ်တယ်လို့ သိရတယ်” ဟု လေတပ်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

KIA က ပစ်ချလိုက်သဖြင့် သေဆုံးသူ လေတပ် တပ်ဖွဲ့ဝင် ၈ ဦးတွင် ဗိုလ်မှူး ဇော်မျိုးသန့်မှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ညီမ သင်း သင်း ထွန်း၏ ခင်ပွန်း မျိုးမြင့်အောင်နှင့် တူတော်စပ်သူဖြစ်ကြောင်း၊တ စ်နည်းအားဖြင့် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ အမျိုးတော်စပ်ကြောင်း သိရှိရသည်။

” မြစ်ကြီးနားလေတပ် ရဟတ်ယာဉ်မှူး ဗိုလ်မှူး ဇော်မျိုးသန့်က ရေနံ ချောင်း မြို့၊ တွင်းကုန်းရပ်ကွက်၊ ဦးချစ်နိုင် – ဒေါ်ခင်မာသိန်း တို့ရဲ့ သား အကြီး ဖြစ်ပါတယ်။ သူက ဇော်မဲလုံးရဲ့ ညီမ သင်းသင်းထွန်းရဲ့ ခင်ပွန်း မျိုးမြင့်အောင်ရဲ့ တူအရင်း ဖြစ်ပါတယ်။ ဇော်မဲလုံးရဲ့ ညီမနဲ့ တူတော်စပ်တာပေါ့။ ဇော်မဲလုံး အမျိုး လို့ ပြောလို့ရတယ်။ ဗိုလ်မှူးဇော်မျိုးသန့်ရဲ့ ညီကလည်း စစ်တပ်ထဲမှာပဲ ဗိုလ်အဆင့် နဲ့ တာဝန်ထမ်းဆောင်နေတယ်။ ဇော်မဲလုံး ညီမက ကျောင်း ဆရာမပါ။ ပုဇင်းကင်ခံရပြီး ပျက်ကျတော့မှ သူတို့သားလေး၊ သူတို့တူလေး ပါသွားတယ်ဆိုပြီး ကိုယ်ပေါင်ပေါ် မီးခဲကျမှ ပူဆွေး ငိုကြွေးနေကြတယ်” ဟု နီးစပ်သော မိတ်ဆွေတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article