26 C
Yangon

ပုလဲမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့်မြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ပုလဲမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့်မြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့မရဲစခန်းကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေး အဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၉ ရက် ည ၈ နာရီ မိနစ် ၅၀ ခန့်က ပုလဲမြို့ပေါ်ရှိ အထွေထွေ အုပ်ချုပ်ရေး မှူးရုံးနှင့် မြို့မရဲစခန်းကို Shar Htoo WAW နည်းပညာတပ်ဖွဲ့၏ ပူးပေါင်း တပ်ဖွဲ့ဝင်များမှ ဒေါင်း တမန် လေကြောင်းစစ်ဆင်ရေးအဖြစ် Fixed Wing Drone များ အသုံးပြုပြီး ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team (3) PDAF ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team (4) SSTF ၊ Seven People Defense Force-Mandalay၊ Union Brothers – UB (ပြည်သူ့အကျိုးဆောင်အဖွဲ့) ၊ ဒေါနစစ်ကြောင်း၏ဖိုးမောင်ပြန်လာပြီဇာတ်ကား ထောက်ပို့ အဖွဲ့ ၊ Support To Federal Democracy ၊ CONNECT ၊ ဒေသခံ ပကဖအဖွဲ့များနှင့် တပ်ရင်း၊ တပ်ဖွဲ့များ ပူး ပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးသည် ရရှိသည့် ပစ္စည်းများနှင့် အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်နေပြီး မိဘပြည်သူများမှ ဝိုင်းဝန်းကူညီထောက်ပံ့မှု လိုအပ်လျက်ရှိကြောင်း၊ ထို့ ကြောင့် စစ်အာဏာရှင် မြန်မြန်အမြစ်ဆင်နွှဲနိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် မလျော့ သောဇွဲ၊ လုံ့လတို့ဖြင့် ပူးပေါင်းပါဝင်ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article