27 C
Yangon

မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီကို စစ်ကောင်စီက ထောင်ဒဏ် တစ်သက်တစ်ကျွန်းချ

Must read

မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီကို စစ်ကောင်စီက ထောင်ဒဏ် တစ်သက်တစ်ကျွန်းချ

ရန်ကုန်| ဇန်နဝါရီ ၁၀

အကြမ်းဖက်စစ်ကောင်စီက မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ရှင်ဒေဝီကို ထောင်ဒဏ် တစ်သက် တစ်ကျွန်း အမိန့်ချမှတ်လိုက်ကြောင်း မိသားစုဝင်ထံမှ သိရသည်။

ဒါရိုက်တာရှင်ဒေဝီကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ည၊ ၅၄ (ဃ) တို့ဖြင့် တရားစွဲဆိုခဲ့ပြီး ယနေ့ (ဇန်နဝါရီလ ၁၀ ရက်)တွင် အင်းစိန်ထောင်တွင်း တရားရုံးက ယင်းသို့အမိန့်ချခဲ့ကြောင်း မိသားစုဝင် ကိုမြင့်သူက ပြောသည်။

အသက် ၅၀ နှစ်အရွယ် ဒါရိုက်တာ ရှင်ဒေဝီသည် မှတ်တမ်းရုပ်ရှင်ပေါင်းမြောက်များစွာ ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး ဇာတ်ကားအချို့ကို နိုင်ငံတကာ ရုပ်ရှင်ပွဲများတွင် ပြသခဲ့သည်။

၎င်းရိုက်ကူးခဲ့သည့် မှတ်တမ်းရုပ်ရှင်အချို့မှာ နိုင်ငံတကာရုပ်ရှင်ပွဲတော်များတွင် အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု ကိုလည်း ရရှိထားသူဖြစ်သည်။

၎င်းသည် မှတ်တမ်းရုပ်ရှင် ဒါရိုက်တာတစ်ဦးဖြစ်သည့်အတွက် ရိုက်ကူးရေးတွင် အသုံးပြုရန်အတွက် ရိုက်ကူးရေးသုံး ဒရုန်းတစ်စီးကို အွန်လိုင်းမှတစ်ဆင့် မှာယူပြီး သွားယူချိန် ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ကိုမြင့်သူက ဆိုသည်။

ရုပ်ရှင်ဒါရိုက်တာတစ်ဦးကို ယခုကဲ့သို့ အကြမ်းဖက်ပုဒ်မများဖြင့် ဖမ်းဆီးအမိန့်ချခဲ့ခြင်းအပေါ် နားမလည်နိုင်အောင်ဖြစ်ရကြောင်း ၎င်းက ပြောသည်။

“သူက ရာဇဝတ်မှုတစ်ခုခုကို ကျူးလွန်တဲ့သူမဟုတ်ဘူး။ သူ့ရဲ့ အသက်မွေးဝမ်းကျောင်းပညာဖြစ်တဲ့ ရုပ်ရှင်လုပ်ငန်းကို သူလုပ်တယ်။ ပြီးတဲ့အခါမှာ ပရဟိတလုပ်ငန်းဖြစ်တဲ့ လူသားချင်းစာနာမှု အားလုံးအပေါ်မှာ အလုပ်လုပ်တယ်ပေါ့နော်။ ဒီအခြေအနေမှာ လုပ်နေတဲ့ဟာကိုပဲ ရာဇဝတ်မှုအနေနဲ့ အရေးယူခံလိုက်ရတယ်ဆိုတဲ့ဟာမှာတော့ ကျွန်တော်တို့မိသားစုအနေနဲ့ တအံ့တဩဖြစ်ရတယ်”ဟု ကိုမြင့်သူက ဆိုသည်။

ဒါရိုက်တာရှင်ဒေဝီမှာ ၂၀၁၃ ခုနှစ်တွင် ရိုက်ကူးခဲ့သည့် ဆင်းရဲသောကြောင့် ပညာမသင်ကြားနိုင်သော မြန်မာနိုင်ငံ အလယ်ပိုင်းမှ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်၏ ဘဝအကြောင်း ၁၅ မိနစ်စာ မှတ်တမ်းရုပ်ရှင် “Now I am 13 ” မှာ ဆုရရှိခဲ့သည်။

ယင်းရုပ်ရှင်မှာ Kota Kinabalu နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ငွေဆုနှင့် ၂၀၁၄ ခုနှစ် ဝဿန်ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ဒါရိုက်တာရှင်ဒေဝီ၏ နောက်ထပ် အောင်မြင်ခဲ့သည့် “Brighter Future ” အမည်ရှိ မှတ်တမ်းရုပ်ရှင်မှာ မန္တလေးရှိ ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအကြောင်းကို ရိုက်ကူးထားပြီး ၂၀၀၉ ခုနှစ်က ပြည်တွင်း ပြပွဲတစ်ခုဖြစ်သော Art of Freedom ရုပ်ရှင်ပြပွဲတွင် အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို ရရှိခဲ့သည်။

ထို့အပြင် ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဗီဒီယိုဂျာနယ်လစ်အဖြစ် DVB သတင်းဌာနတွင် အလုပ်လုပ်ခဲ့သည်။

(Dawei Watch သတင်းဌာနသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article