32 C
Yangon

တရုတ်၏ ကြားဝင် မှုဖြင့် ရှမ်းမြောက်တွင် ညီနောင် ၃ ဖွဲ့ သိမ်း ပိုက်ထားသော မြို့ ၁၇ ခု နှင့် စခန်း ၅၀၀ နီးပါးကို စစ်ကောင်စီက ထိုးစစ်ဆင်ခြင်း မလုပ်ရန် သဘောတူညီ ၊ ညီနောင် ၃ ဖွဲ့ကလည်း ရှမ်းမြောက် တစ်ခု တည်းတွင်ပင် အပစ်အခတ် ရပ်စဲပေးလိုက်

Must read

တရုတ်၏ ကြားဝင် မှုဖြင့် ရှမ်းမြောက်တွင် ညီနောင် ၃ ဖွဲ့ သိမ်း ပိုက်ထားသော မြို့ ၁၇ ခု နှင့် စခန်း ၅၀၀ နီးပါးကို စစ်ကောင်စီက ထိုးစစ်ဆင်ခြင်း မလုပ်ရန် သဘောတူညီ ၊ ညီနောင် ၃ ဖွဲ့ကလည်း ရှမ်းမြောက် တစ်ခု တည်းတွင်ပင် အပစ်အခတ် ရပ်စဲပေးလိုက်

■ စစ်အာဏာရှင် အမြစ်ဖြတ်ရေး ပြည်သူသို့ ညီနောင် ၃ ဖွဲ့က ကတိပေး ထား သည့် အတိုင်း ဆက်လက်ပါဝင် ဆောင်ရွက်မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၂

တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင် မဟာ မိတ် ၃ ဖွဲ့သိမ်းပိုက်ထားသော မြို့ ၁၇ ခုနှင့် စခန်း ၅၀၀ နီးပါးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက် ကြီးပစ်ခတ်ခြင်းနှင့် ထိုးစစ်ဆင်များ မပြုလုပ်ရန် သဘောတူညီလိုက်ပြီး အပြန်အလှန်အားဖြင့် ညီနောင် ၃ ဖွဲ့က လည်း ရှမ်းမြောက်တစ်ခုတည်းတွင်ပင် အပစ်အခတ် ရပ်စဲပေး လိုက် ကြောင်း ညီနောင် ၃ ဖွဲ့နှင့်နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

“တရုတ်ရဲ့ ကြားဝင်စေ့စပ်မှု ဆွေးနွေးပွဲလုပ်ပါတယ်။ မနေ့ညနေ အထိ ဘာမှ သဘောတူညီမှု မရဘူး။ အဲဒါကို တရုတ်ကဖိအားပေးပြီးတော့ မနေ့ညပိုင်းမှာ အစည်းဝေးထပ်လုပ်ခိုင်းတယ်။ အပစ်ရပ်ရေး ကို ရှမ်းမြောက် တစ်ခုတည်း မှာပဲ အပစ်ရပ်မယ်။ စစ်ကောင်စီက အခု ရှမ်းမြောက်မှာ ညီနောင် ၃ ဖွဲ့ သိမ်းထားတဲ့ မြို့တွေ၊ စစ်တပ်စခန်းတွေကို လေကြောင်းက မပစ်ရဘူး။ လက်နက်ကြီး မပစ်ရဘူး။ ထိုးစစ်မဆင်ရဘူး။ အပြန်အလှန်အားဖြင့် ညီနောင် ၃ ဖွဲ့ တပ်တွေကလည်း ရောက်ရှိတဲ့ နေရာမှာ ဆက်လက်ပြီး တပ်စွဲ ရပ်ထား မယ်။ ထိုးစစ်မလုပ်တော့ဘူး။ ရှမ်းမြောက်တစ်ခုတည်းမှာပဲ အပစ်ရပ်ဖို့ သဘော တူညီတာ” ဟု ညီနောင် ၃ ဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်က ဆိုသည်။

အဆိုပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကြောင့် ရှမ်းမြောက်တွင် ညီနောင် ၃ ဖွဲ့ သိမ်းပိုက်ထားသော မြို့ ၁၇ ခု နှင့် စစ်ကောင်စီတပ်စခန်းများ တွင် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ လုံခြုံရေးနှင့် စစ်ရေးဆိုင်ရာ အစီအမံများကို လွတ်လွတ်လပ်လပ် လုပ် ဆောင်ခွင့်ရရှိပြီ ဖြစ်ကြောင်း သိရှိရသည်။

“အခု သိမ်းထားတဲ့ မြို့တွေက ရှမ်းမြောက်မှာ ကုန်သလောက်ပဲ။ ကျန်တာက လားရှိုးနဲ့ မူဆယ်မြို့ ကွက်ကွက်လေးပဲကျန်တာ။ အကုန်လုံးသိမ်းထားပြီးပြီ။ မြို့ပေါ်လေးတွေပဲ ကွက်ကွက်လေးတွေ ကျန်တာ။ အဲဒီတော့ နယ်မြေ တွေ အားလုံးကို ညီနောင် ၃ ဖွဲ့ က စိတ်တိုင်းကျ စီမံခွင့်ရပြီ။ တကယ်တော့ အပစ် ရပ်တာမဟုတ်ဘူး။ စစ်ကောင်စီက မနိုင်တော့လို့ အဲဒီနယ်မြေတွေကို ကျနော် လက်လွှတ်ပါပြီ ဆိုပြီး အရှုံးပေးရတာပါ။ အဲဒါကို ပြည်သူနားလည်ဖို့ လိုပါ တယ်” ဟု ညီနောင် ၃ ဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်က ရှင်းပြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင် မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားသော မြို့ပေါင်း ၁၇ ခုရှိပြီး ၎င်းတို့မှာ

၁-ချင်းရွှေဟော်၊

၂-လောက်ကိုင်၊

၃-ကုန်းကြမ်း၊

၄-ဖောင်းဆိုင်၊

၅-မုံးကိုး၊

၆-ကွမ်းလုံ၊

၇-ဟိုပန်၊

၈-နမ့်ဆန်၊

၉-နမ္မတူ၊

၁၀-မန်တုံ၊

၁၁-မိုင်းလုံ၊

၁၂-မိုင်းငေါ့၊

၁၃-နမ့်ခမ်း၊

၁၄-ပန်ဆိုင်း/ကြူကုတ်၊

၁၅-ကွတ်ခိုင်၊

၁၆-သိန္နီမြို့

၁၇-ပန်လုံမြို့ တို့ ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြည်သူလူထုကို အသိပေး ကတိပေး ထားသည့် စစ်အာဏာရှင် အမြစ်ဖြတ် တိုက်ဖျက်ရေး အတွက် ဆက်လက် ပါဝင် မည်ဖြစ်ပြီး ယင်းကတိအတွက် ပုံစံမျိုးဖြင့် ပါဝင်နေမည်ကို ပြည်သူလူ ထုက စိတ်ချယုံကြည်စေလိုကြောင်း ညီနောင် ၃ ဖွဲ့နှင့်နီးစပ်သော သတင်း ရင်းမြစ် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်တပ်သံချပ်ကာကားတစ်စီးကို သိမ်းပိုက် ထားစဉ်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ညီနောင်၃ဖွဲ့ #ရှမ်းပြည်နယ်မြောက်ပိုင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article