28 C
Yangon

မြိတ်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်၊ ပေါက်ခေါင်းမြို့နယ်၊ လက်ကြီးရွာတွင် ခေတ္တအထိုင်ချထားသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်

Must read

မြိတ်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်၊ ပေါက်ခေါင်းမြို့နယ်၊ လက်ကြီးရွာတွင် ခေတ္တအထိုင်ချထားသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၂

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်၌ မြိတ်မြို့နယ်၊ တဂံတောင်ပုကျေးရွာနှင့် ဝိုင်း‌တောင်ကျေးရွာအကြားတွင် မြိတ်မြို့မှ ခြေလျင်တက်လာသော အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် အနီးအနားရှိ ကျေးရွာများကို လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေစဥ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တပ်ဖွဲ့ဝင်များ၊ တောပုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ (တနင်္သာရီ-ပကဖ)၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ၊ တနင်္သာရီတိုင်း-ပကဖ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ လက်ကြီးကျေးရွာတွင် ခေတ္တအထိုင်ချထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ပေါက်ခေါင်းမြို့နယ်၊ လက်ကြီးရွာ၌ ခေတ္တအထိုင်ချတပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပြည်ခရိုင် (၃၆၀၁ PPDF) တပ်ရင်း Sniperအဖွဲ့နှင့် တပ်ခွဲ(၁)၊တပ်ခွဲ(၅) တို့မှ အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးဘဲ အများအပြား ထိခိုက်ဒဏ်ရာ ရရှိကာ ယင်းနေရာမှ ဆက်လက် ထွက်ခွာနိုင်ခြင်း မရှိတော့ဘဲ တပ်ဆွဲထားကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲသည် ၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် အန္တရာယ်မရှိ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းခြင်း၊ စားနပ်ရိက္ခာနှင့် ငွေကြေးများထောက်ပံ့ခြင်း၊ သတင်းပေးခြင်း၊ လမ်းပြအဖြစ်လိုက်ပါဆောင်ရွက်ခြင်းများ မပြုလုပ်ကြပါရန်၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းနေသူများနှင့် အုပ်ချုပ်ရေးမှူးများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၃၆၀၁ PPDF တပ်ရင်း က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article