24.9 C
Yangon

မင်းလှမြို့နယ်၊ စမ်းဘုတ်ရွာရှိ စစ်တပ် ဂိတ်စခန်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံး

Must read

မင်းလှမြို့နယ်၊ စမ်းဘုတ်ရွာရှိ စစ်တပ် ဂိတ်စခန်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စမ်းဘုတ်ရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံးခဲ့ကြောင်း Yoma Phoenix Drone Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၉ ရက်နေ့ ည ၁၁ နာရီခန့်တွင် မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာထိပ်ရှိ အကြမ်းဖက် စစ်တပ်၏ ဂိတ်စခန်းကို တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၏ ဒရုန်းတပ်ဖွဲ့ ဖြစ်သော Yoma Phoenix Drone Force အဖွဲ့က ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၃ ဦး သေဆုံးကာ ၅ရဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၇ နာရီ တွင်လည်း စမ်းဘုတ်ကျေးရွာရှိ အကြမ်းဖက် စစ်တပ်ဂိတ်၌ မီးလှုံနေသည့် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ထပ်မံ ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၆ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ ၉ ရက်နေ့ ညက ၃ ကောင်သေ ၅ ကောင်ဒဏ်ရာရတယ်။ ၁၀ ရက်နေ့ ညက ၆ ကောင်သေ ၁ ကောင် ဒဏ်ရာရတယ်လို့ အတည်ပြုနိုင်ခဲ့တယ်” ဟု Yoma Phoenix Drone Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #YomaPhoenixDroneForce #မင်းလှ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article