27 C
Yangon

မြင်းခြံမြို့နယ်၊ လေးရွာဆုံမှ ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရ

Must read

မြင်းခြံမြို့နယ်၊ လေးရွာဆုံမှ ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁၃

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံမှ ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း နွားထိုးကြီးမြို့နယ်သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက် မွန်းတည့် ၁၂ နာရီခန့်က မြင်းခြံမြို့မှ Alpha ကားဖြင့် လေးရွာဆုံသို့ ပြန်လာသော ပျူစောထီးများကို ပြောင်းပြာရေလှောင်တမံလမ်းခွဲနှင့် ဗလုံကျေးရွာကြားအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦး ဗိုက်ပေါက်ထွက်ပြင်း ထန်ဒဏ်ရာရရှိပြီး သေဆုံးမှုရှိ ၊ မရှိ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

“မြင်းခြံကနေ Alpha ကားနဲ့ ပြန်လာတဲ့ လေးရွာဆုံက ပျူတွေ ပြောင်းပြာရေလှောင်တမံလမ်းခွဲနဲ့ ဗလုံကျေးရွာကြားမှာ Natogyi Regional Defence Force က ပစ်ခတ်ရှင်းလင်းရာမှာ ပျူ နှစ်ဦး ဗိုက် ကျည်ထိဒဏ်ရာအပြင်းအထန်ရတယ်၊ သေမသေမသိရသေးဘူး” ဟု နွားထိုးကြီးမြို့နယ် သတင်း တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို Natogyi Regional Defence Force မှ ရဲဘော်များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #NatogyiRegionalDefenceForce #Alpha #ပျူစောထီး #မြင်းခြံမြို့နယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article