Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီက အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး TNLA တပ်စွဲထားတဲ့ နေရာကို တိုက်ခိုက် လာတဲ့အတွက် ပြည်သူတွေကို ငဲ့ကွက်ပြီး စခန်းကို ယာယီနောက် ဆုတ်ပေးလိုက်တယ်လို့ TNLA ကနေ တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။
– ချင်းပြည်နယ်မြောက်ပိုင်၊ တီးတိန်မြို့နယ်က သိုင်းငင်းကျေးရွာအနီးမှာလည်း အကြမ်းဖက် စစ်ကောင် စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး , စစ်ကောင်စီဘက်က တိုက် လေယာဉ်တွေနဲ့ပါ ပစ်ကူနေရတယ်လို့ ဒေသခံပြည်သူ ၁ ဦးက ပြောပါတယ်။
– ပဲခူးတိုင်း၊ မင်းလှမြို့နယ်က ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား တွေကို တော်လှန်ရေးတပ်တွေကနေ ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၇ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #TNLA #စစ်ကောင်စီ