27 C
Yangon

မြိုင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ယာဥ်တန်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှု ရှိနိုင်

Must read

မြိုင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ယာဥ်တန်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှု ရှိနိုင်

ရန်ကုန်၊ ဇန်နဝါရီ ၁၃

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ယာဥ်တန်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း ThuRain-TR (Pakokku) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြိုင်စက်မှု ၂ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် ယာဥ်တန်းနှင့်ခြေလျင် စစ်ကြောင်းကို သရက်ကန် (ပျူစောထီး) ရွာရောက်ရှိချိန်၌ တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့တွင် သရက်ကန် ပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို တွင်းမပျူစောထီးရွာသို့ ရောက်ရှိလာချိန်၌ တော်လှန်ရေး တပ်ဖွဲ့များက FiX Win လေယာဉ်ဖြင့် 1kg ကျော် ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီးများ နားနေရာ အဆောင် အတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“သူတို့က ပျူရွာဆိုတော့ သတင်းက မရဘူးဗျ၊ ထိခိုက်မှုကတော့ ရှိတယ်၊ သူတို့ ဝင်သွားတဲ့ အထဲကို တည့်တည့်ကျတာ၊ ကျနော်တို့ ဗုံးသီးတွေကလည်း ကြီးလည်းကြီးတယ်၊ 1kg တွေဆိုတော့ တော် တော်ထိခိုက်မှု များတယ်လို့တော့ သိရတယ်၊ မနေ့က သရက်ကန်ဝင်ပြီး ဒီနေ့ကျတော့ တွင်းမ ပျူ ရွာကို ချက်ချင်းကူးသွားတာ၊ အဲဒီတွင်းမပျူရွာမှာလည်း ထပ်ချခဲ့သေးတယ်၊ တွင်းမပျူရွာမှာက လည်း သူတို့နားတဲ့ စာသင်ကျောင်းထဲဝင်တဲ့အချိန်တည့်တည့် ကျတာ၊ ပျူရွာနှစ်ရွာက တစ်အား ကပ်နေတော့ သတင်းက ချက်ချင်းမရဘူး” ဟု ThuRain-TR (Pakokku) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ ၊ DMG နှင့် ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ (၂) မှ ThuRain-TR (Pakokku)တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ThuRain-TR #FiXWin #DMG #မြိုင်မြို့နယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article