29.1 C
Yangon

မလေးရှားတွင် အေမီဈာန်၊ ဖူးပွင့်ခိုင် အပါအဝင် လူ ၃၀ ကျော် ဖမ်းဆီးခံထားရ

Must read

မလေးရှားတွင် အေမီဈာန်၊ ဖူးပွင့်ခိုင် အပါအဝင် လူ ၃၀ ကျော် ဖမ်းဆီးခံထားရ

ရန်ကုန်| ဇန်နဝါရီ ၁၄

မလေးရှားနိုင်ငံ ပီနန်းပြည်နယ်က နိုက်ကလပ်တစ်ခုတွင် မော်ဒယ် ဖူးပွင့်ခိုင် ၏ ၂၆ နှစ်ပြည့် မွေးနေ့ပွဲသို့ တက်ရောက် ဖျော်ဖြေနေသည့် သရုပ်ဆောင် အေမီဈာန် အပါအဝင် မြန်မာနိုင်ငံသား ၃၀ ကျော်ကို ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

ပီနန်ပြည်နယ် ဘာတာဝပ်မြို့ရှိ Royce Luxury Night Club တွင် ဇန်နဝါရီ ၁၃ ရက်နေ့ မလေးရှား စံတော်ချိန် ည ၁၂ နာရီ ၂၃ မီနှစ်အချိန်တွင် မွေးနေ့ပွဲ ကျင်းပနေစဉ် အတွင်း မလေးရှားနိုင်ငံသားများ၏ တိုင်တန်းချက် အရ ဖမ်းဆီးခြင်း ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

မလေးရှားနိုင်ငံရှိ ပွဲစီစဉ်သူ တစ်ဦးက “ဖမ်းခံရတာက လူ ၂၀၀ ကျော်လောက် ဖမ်းခံရတာ ဖြစ်တယ်၊ ကျန်တာက အကုန် ပြန်လွတ်လာပြီး လက်ရှိ အေမီဈာန်နဲ့ ဖူးပွင့်ခိုင်တို့ အပါအဝင် လူ ၃၀ ကျော် အထောက်ထားမဲ့ ဖမ်းဆီးခံထားရတယ် “ဟု ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများထဲတွင် မော်ဒယ် ဖူးပွင့်ခိုင်၊ သရုပ်ဆောင် အေမီဈာန်နှင့် ဒီဂျေတီးသူ အပါအဝင် မြန်မာနိုင်ငံသား ၃၀ ဦးကျော်ကို ဖမ်းဆီးခံထားရဆဲ ဖြစ်ပြီး ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးဟု မလေးရောက် မြန်မာနိုင်ငံသားများထံမှ သိရ သည်။

“သရုပ်ဆောင် အေမီဈာန်တို့ကတော့ အလည်ပတ် ဗီဇာနဲ့ လာတယ်လို့ သိရတယ်၊ သူတို့ ဖမ်းခံရတဲ့ အချိန်မှာ အထောက်အထား မပြနိုင်လို့ ဖမ်းခံရတဲ့ အထဲမှာ ပါသွားတာ ဖြစ်တယ်”ဟု ပွဲစီစဉ်သူ နောက်ထပ်တစ်ဦးက ပြော သည်။

အဆိုပါ မွေးနေ့ပွဲ ကျင်းပနေချိန် အတွင်း ယင်းပွဲသို့ ဖိတ်ကြားခံထားခြင်း မရှိသည့် မြန်မာနိုင်ငံသားအချို့သည်၊ ပွဲဝင်ကြေး အဖြစ် တစ်ဦးလျှင် ရင်းဂစ် ၈၀ ဝင်ကြေး ပေးကာ ဝင်ရောက် အားပေးရာမှ လူ ၂၀၀ ကျော် ရှိကြောင်း သိရသည်။

မလေး အာဏာပိုင်းများက ဝင်ရောက် ဖမ်းဆီးချိန်တွင် ယင်းအထဲမှ အထောက်ထားမဲ့ မြန်မာနိုင်ငံသား အချို့ပါဝင်ခဲ့ကြောင်း မလေးရောက် မြန်မာနိုင်ငံသားများနှင့် ပွဲစီစဉ်သူများထံမှ သိရ သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယနေ့ ဇန်နဝါရီ ၁၄ ရက်နေ့ အထိ ပြန်လည် လွတ်လာခြင်း မရှိသေး၍ မလေးရှားနိုင်ငံ၊ ဘာတာဝပ်မြို့ရှိ ရဲစခန်း အတွင်း ဖူးပွင့်ခိုင်နှင့် အေမီဈာန် အပါအဝင် ပွဲလာကြည့်သူများကို ဖမ်းဆီး ထိန်းသိမ်းထားဆဲဖြစ်သည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #မလေးရှား #အေမီဈာန် #ဖူးပွင့်ခိုင် #RoyceLuxuryNightClub

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article