28 C
Yangon

ရေစကြို-ပခုက္ကူ ကားလမ်းတွင် စစ်တပ်နှင့် ပျူစောထီး ဂိတ်များက ခရီးသွား ပြည်သူများထံမှ ကျပ် ၃၀၀၀ မှ ငွေကျပ် သိန်း ဆယ်ချီ၍ အတင်းအဓမ္မ ငွေကြေး တောင်းခံနေပြီး ဆန်၊ ဆီ၊ ဆားလူသုံးကုန်ပစ္စည်းမှန်သမျှ စစ်တပ် နှင့် ပျူများက လုယက်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မကွေးတိုင်း ရေစကြိုမြို့နယ် ရေစကြို-ပခုက္ကူ ကားလမ်း ၂၇ မိုင်အတွင်း အကြမ်း ဖက်စစ်တပ်၏ စစ်ဆေးရေးဂိတ်များက ဖြတ် သန်းသွားလာသည့် ကားများ၊ ဆိုင်ကယ်များကို အနည်းဆုံး ကျပ် ၃၀၀၀ မှ ငွေကျပ် ဆယ် သိန်းချီ၍ အတင်းအဓမ္မငွေကြေးတောင်းခံနေကြောင်း ပြည်သူများထံမှ သိရှိရသည်။

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ၏ စစ်ဆေးရေးဂိတ်များသည် အဆိုပါ လမ်းကြောင်းတွင် ဂိတ်ပေါင်း ၂၀ ခန့်ရှိပြီး အိမ်စီးကား တစ်စီးကို ကျပ် ၃၀၀၀ မှ ၅၀၀၀ ကျပ်၊ ခရီသည်တင် ကားလေး တစ်စီးလျှင် ကျပ် ၂၀၀၀ မှ ကျပ် ၃၀၀၀၊ ခရီသည်တင် ကားကြီးတစ်စီးလျှင် ကျပ် ၃၀၀၀ မှ ၅၀၀၀ ကျပ်၊ ကုန်ကား တစ်စီးလျှင် ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်၊ သစ်ကားတစ်စီးလျှင် ၃ သိန်းကျပ်မှ ၁၀ သိန်း ချီ၍ ဓားပြတိုက်သကဲ့သို့ ခြိမ်းခြောက်တောင်းဆိုနေခြင်း ဖြစ်ကြောင်း ခရီးသည်တင် ကားသမားတစ်ဦးက ပြောကြားသည်။

” ဒီလမ်းကိုတစ်ခါမှ မဖြတ်ဘူးဘဲနဲ့ ပထမဆုံးဖြတ်သန်းဖူးရင် သေချင်စော်နံသွားမယ်။ မကြားဖူးတဲ့ ဥပဒေနဲ့ နည်းလမ်းပေါင်းစုံ အသေရစ်ပြီး အငတ်ဘေးဆိုက်နေတဲ့ သူတောင်းစားတွေလို ငတ်ကြီးကျ ငွေတောင်းနေတယ်။ ဘယ်နေရာနဲ့ မှမတူအောင် ဂိတ်အများကြီးထားနေတာက ကြောက်တာရော ငတ်တာရောပါမယ်။ ဖုန်းထဲမှာ မင်းသားဒေါင်းပုံကိုကြိုက်လို့ Save ထားမိတာ ။ စစ်သားများနဲ့ ပျူ ခွေးတွေ တွေ့ရင် ဘာပြောကောင်းမလဲ နှမချင်း မစာနာ စကားလုံးကြမ်းကြမ်းသုံးပြီး ပထမအကြိမ် ဒဏ်ရိုက်မယ် ပေးငွေ ၃၀၀၀၀။ နောက်တစ်ကြိမ် နင့်လင်ပုံ တွေ့လို့က သေပြီးမှတ်တဲ့လို့ ခြိမ်းခြောက်တယ်” ဟု ခရီးသွားတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် စစ်တပ်နှင့်ပျူစောထီး ဂိတ်များဖြတ်သန်းရာတွင် ခလရ ၂၅၆၊ ခလရ ၂၅၇ ၊ ခလရ ၂၅၈ တပ် စစ်ဆေးရေးဂိတ်များ ရှေ့ရောက်ပါက ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ ရွာသူ/ ရွာသားများ ဖြစ်လျှင် PDF ဟု စွပ်စွဲ၍ ဖုန်း အပါအဝင် ပါသမျှ ပစ္စည်းများယူ၍ ဖမ်းဆီးကြောင်း၊ ငွေကျပ် ကျပ် ၅ သိန်းမှ ၁၀ သိန်း အထက်ပေးမှ ပြန်လွှတ်ကြောင်း ခရီးသည်တင် ကားသမားတစ်ဦးက ပြောပြသည်။

” ၂၅၇-၂၅၈ တပ်ရှေ့ရောက်လို့ ရေစကြိုနယ် ရေလယ်ကျွန်းဒေသ၊ ရွာတစ်ရွာ အမည်ပါလို့ကတော့ PDF ခေါင်းစဉ်တပ်ပြီး ဖုန်းကစ ပါသမျှ ပစ္စည်း ယူပြီးရွာမှာ မနေဘူး၊ အလည်ပြန်လာတာ ပြောလည်းမရ ခွေးတွေကဖမ်းတော့တာပဲ ။ ပြီးရင် ငွေ ငါးသိန်းအထက်၊ တချို့ဆို ဆယ်သိန်းအထက်ပေးမှ ပြန်လွှတ်တာ။ ဖုန်းထဲမှာ ဘာမှမတွေ့လည်း တွေ့ထားတယ်ဆိုပြီးသူတို့ဘာသာပုံကို Save ပြီး ငွေတောင်းတာပဲ။၂၅၈ တပ်ရှေ့ရောက်တော့ ခရီးသွားထောက်ခံစာလက်မှတ်ပြခိုင်း မပါလျှင်ဒဏ်ကြေးဆောင်ခိုင်း။ ဒါတစ်ခုတွင်လား ဘယ်ဟုတ်မလဲ ကိုဗစ်ဆေးထိုးပြီးကြောင်း လက်မှတ်ပြရပါတယ်။ မပါလျှင် လူကြည့်ပြီး ၃၀၀၀ နဲ့ ၅၀၀၀ ကျပ် အနည်းဆုံးတောင်းပါတယ်”ဟု ဒေသပြည်သူ တစ်ဦးက ပြောပြသည်။

ထို့ပြင် အဆိုပါ လမ်းပိုင်းတွင်ရှိသည့် ပျူစောထီးများ၏ တောင်အိုတာတိုင် ဂိတ်တွင်မူ ယာဉ်ကြီးပေါ် ယာဉ်လေးဆင့် ဥပဒေဟု ဆိုကာ ကားပေါ်တွင် ဆိုင်ကယ်တင်လာပါက ဆိုင်ကယ်သိမ်းမည်ဟူ၍ လုပ်ဆောင်ပြီး ကျပ် ၁၅၀,၀၀၀ ကျပ်ခန့်ဖြင့် ကြေအေးခဲ့ရကြောင်း၊ ဆန်ကားလာလျှင် ဆန်တစ်အိတ်၊ ဆီပါလာလျှင် ဆီတစ်ပုံး၊ အချိုရည်ကားလာလျှင် အချိုရည် ၂ ကတ်ဟူ၍ လာသမျှ ကားအကုန်တောင်းနေပြီး ဆိုင်ကယ်ဆိုလျှင် ယာဉ်လိုင်စင်၊ အမောင်း လိုင်စင် စစ်ကာ ငါးသောင်း၊ တစ်သိန်းတောင်းယူနေကြောင်း၊ ၁၂ ဘီးကား တစ်စီးလျှင် ၂ သောင်းအထက်၊ ၆ ပေ ကုန်ကားဆိုလျှင် တစ်သောင်း တောင်း ယူ ကြောင်း ခရီးသွားပြည်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တစ်ခု။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PDF #ရေစကြို-ပခုက္ကူ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article