38 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်း အစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်း တွေကတော့

-ပလက်ဝမြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်တဲ့ ရခိုင့်တပ်တော် AA က ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ မီး၀ဗျူဟာကုန်းအပါအဝင် စစ်စခန်း ၄ ခုကိုပါ သိမ်းပိုက်လိုက်ပြီးနောက် ထွက်ပြေးသွားတဲ့ စစ်တပ် ကို လိုက်လံတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား အယောက် ၂၀ ကျော်သေသွားပြန်တယ်လို့ ရက္ခိုင့်တပ်တော် AA ကတရားဝင်ထုတ်ပြန်ထားပါတယ်။

– ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ကောင်စီ တပ်သားတွေ အနေနဲ့ “မသေချင်ရင် အလံဖြူထောင်ဖို့နဲ့ ထွက်ပြေးချင်ရင် လမ်းဖွင့်ပေးဖို့အတွက် ခွင့်တောင်းဖို့ သတိပေး လိုက်ပြီး ကတုပ် ကျင်းထဲက ခေါင်းပေါ်ကို သေနတ်ပြောင်း တည့်ထားပြီးမှ လမ်းဖွင့်ပေးဖို့ ခွင့်တောင်း ရင်တော့ အရှင်ဖမ်းမိတယ်လို့ပဲသတ်မှတ်မယ်လို့ ပြေလိုက်ပါတယ်။

– ပဲခူးတိုင်းထဲက ကျေးရွာတွေမှာ ပြည်သူတွေကို မဲနှိုက်ခိုင်းပြီး စစ်ကောင်စီ တပ်က ပြည်သူ့စစ် အမည်ခံ ပျူစောထီး အဖွဲ့အတွက် တပ်သား သစ်စု ဆောင်းနေတဲ့အခြေနေတွေ ဆိုးရွားလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #AA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article