27 C
Yangon

ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲ တိုက်ခိုက်

Must read

ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရေဦးမြို့ အထက ၁ ကျောင်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဒီပဲယင်းမြို့နယ်ဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက် လာသောကြောင့် ငြုပ်တုံရွာထိပ် အရောက်တွင် ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်းက ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်းက တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #စစ်ကောင်စီ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article