ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းတောင်ယာလုပ်ငန်းခွင်ရှိ ပြည်သူများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်
ရန်ကုန်၊ ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်း ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၁၀၂၅ရက်မြောက်နေ့အဖြစ် တောင်ယာလုပ်ငန်းခွင်ရှိ ပြည်သူများနှင့်ပူးပေါင်းကာ “တော်လှန်ရေးရဲ့ အဆုံးအဖြတ်ဟာ လူထုမှတပါး အခြားမရှိ”စာသားကို ကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ခဲ့ကြသည်။