28 C
Yangon

လောင်းလုံးမြို့နယ်အတွင်း စစ်တပ်က ပြည်သူ ၃ ဦးကို အကြောင်းမဲ့ သတ်ဖြတ်ကာ ကျေးရွာ ၈ ရွာမှ နေအိမ် ၁၃၂ လုံးကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို အကြောင်းမဲ့ သတ်ဖြတ်ကာ ကျေးရွာ ၈ ရွာမှ နေအိမ် ၁၃၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလပိုင်းက စတင်ကာ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို ကုန်းကြောင်း၊ ရေကြောင်းတို့ဖြင့် ၃ ပတ်ခန့် စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နေအိမ်များကို မီးရှို့ခြင်း၊ ရိုက်နှက်ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ပြီး ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ကာ လူသားဒိုင်း အဖြစ် အသုံးပြုပြီး ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရေကြောင်းဖြင့် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

လောင်းလုံးမြို့နယ်အတွင်း ၃ ပတ်ခန့် စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စစ်ပြဲကျေးရွာမှ နေအိမ် ၉ လုံး၊ လေးသွန်းခံကျေးရွာမှ နေအိမ် ၁၃ လုံး၊ သပြေရှောင်ကျေးရွာမှ ၁ လုံး၊ ဟင်းချိုတောကျေးရွာမှ နေအိမ် ၄ လုံး၊ သန်လျင်ရွာမှ နေအိမ် ၂ လုံး၊ သကျက်တောကျေးရွာမှ နေအိမ် ၃ လုံး၊ ညောပြင်ကျေးရွာမှ နေအိမ် ၉၈ လုံးနှင့် အောက်ကျောက်ဝပ်ကျေးရွာမှ နေအိမ် ၂ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ပြဲရွာ၊ လေးသွန်းခံရွာ နှင့် အောက်ကျောက်ဝပ်ရွာတို့မှ ပြည်သူ ၃ ဦးကိုလည်း အကြောင်းမဲ့ အသတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ မီးရှို့တာ နေအိမ် ၁၃၂ လုံး ပြာကျသွားတယ်။ ပြည်သူ ၃ ဦးကိုလည်း အကြောင်းမဲ့ သတ်ဖြတ်သွားတယ်။ ကျွန်တော်တို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စခန်းတစ်ခုလည်း ဆုံးရှုံးခဲ့ရတယ်” လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PDF #စစ်တပ် #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article