28 C
Yangon

ခင်ဦးနှင့် မုံရွာ မြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦး သေဆုံး

Must read

ခင်ဦးနှင့် မုံရွာ မြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ရွှေဘိုလေ့ကျင့်ရေး ၈နှင့် ဖုတ်ကုန်းပျူစောထီးရွာမှ ထွက်လာသော အင်အား ၈၀ ခန့်ပါ ပူးပေါင်း စစ်ကြောင်းသည် သံဘိုကျေးရွာ တောင်ဘက်ကို ဝင်ရောက်လာစဉ် မိုင်းဘီလူးအဖွဲ့ (ဒေသကာကွယ်ရေး ပကဖ) က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကေင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“မိုင်းဆွဲတိုက်ခိုက်တာ စစ်ကြောင်းနဲ့ လိုက်ပါလာတဲ့ ဖုတ်ကုန်းပျူရွာက ဦးတင်ဆန်းနဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၄ ဦးလည်း သေဖို့ရာ ပြင်းထန်ဒဏ်ရာ ရထားပါတယ်” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွေးကြေးမုံကျေးရွာအတွင်း စစ်ကြောင်း ထိုးဝင်ရောက်ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူပြီး ပြန်ထွက်ထားသော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Area 71 People Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ပြော ကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက် နံနက် ၉ နာရီခန့်က မုံရွာ-ချောင်းဦးလမ်းပိုင်း စွမ်းရည်ထက်ဆီဆိုင်၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ခရီးသည်တင်ကားများကို ချောဆွဲပြီး မုံရွေး-ကြေးမုံ ဈေးအတွင်းသို့ ချကာ ကျန် ကူတောပလ္လင်ကျေးရွာမှ စစ်ကောင်စီတပ်သားတစ်စုနှင့် တောပုရွာမှ ပျူအင်အား ၁၅ ဦးတို့မှ တောင်ဘက်နှင့်မြောက်ဘက်မှ နှစ်ဖက်ပိတ်ညှပ်ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို စိတ်ကြိုက်မွှေနှောက်ခိုးယူကြကြောင်း သိရသည်။

ထိုသို့ ပြည်သူပိုင်ပစ္စည်းများကို စိတ်ကြိုတ်မွှေနှောက်ခိုးယူပြီးနောက် မွန်းလွဲ ၂ နာရီအချိန် ပြန်ထွက် လာပြီး တောပုရွာမှ ပျူစောထီးများရှိရာ သီတာရုံဇရပ်သို့ ရှေ့ထွက်မိုင်း ၃ လုံးဖြင့် တစ်ကြိမ်၊ မုံရွေး တိုးဂိတ်အနီးလမ်းမပေါ်ထွက် ဆက်ကြေးကောက်နေသော စစ်သား၊ ပျူစောထီးများရှိရာ နေရာ၌ ရှေ့ထွက်မိုင်း ၃ လုံးဖြင့် တစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ရွာရဲ့တောင်ဘက်နဲ့မြောက်ဘက် နှစ်ဖက်ညှပ်ပိတ်ပြီး ရွာထဲက ဈေးဆိုင်တွေ၊ အိမ်တွေကို ဝင်ပြီး သူတို့စိတ်ကြိက် ယူကြတာ၊ ပြည်သူတွေ၊ ဘယ်လောက်ပါသွားတယ်၊ ဘာတွေယူသွားလဲတော့ အသေးစိတ်မသိရသေးဘူး၊ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ ၂ ကြိမ်ကတော့ ထိထိမိမိဆွဲနိုင်ခဲ့ပါတယ်၊ အဝေး ထိန်းမိုင်းဆိုတော့၊ ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး၊” ဟု Area 71 People Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Area 71 People Defense Force ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင် ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article