24 C
Yangon

KNU အုပ်ချုပ်နယ်မြေတွင် ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၄၆၀၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၅၀၀၀ ကျော်သေဆုံး

Must read

KNU အုပ်ချုပ်နယ်မြေတွင် ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၄၆၀၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၅၀၀၀ ကျော်သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၈

KNU−ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ၌ ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၄၆၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅၀၀၀ ကျော်သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

KNU−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေများ အတွင်းကို ဝင်ရောက် ကျူးကျော်တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များအကြား စခန်းသိမ်းတိုက်ပွဲ၊ ရင်ဆိုင်တိုက်ပွဲ၊ ပျောက်ကြားတိုက်ပွဲ နှင့် ဒရုန်းစစ်ဆင်ရေး တိုက်ပွဲကြီး တိုက်ပွဲငယ် စုစုပေါင်း ၄၆၂၃ ကြိမ်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ၊ အရာခံ၊ တပ်သား စုစုပေါင်း ၅၀၀၅ ဦး သေဆုံးခဲ့ပြီး ၃၃၄၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ ဦးဆောင်မှု အောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှ တိုင်းပြည်နှင့် လူမျိုးအတွက် ၁၅၄ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ၅၉၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း အဖက်ဖက်မှ ရှုံးနိမ့်လာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည်ဟပြည်သူလူထုအပေါ် အညှိုးကြီးစွာ ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် အမျိုးမျိုးသော အကြမ်းဖက် လုပ်ရပ်များကို တစ်နေ့ တစ်ခြား တိုးမြှင့် လုပ်ဆောင်ခဲ့သောကြောင့် ကော်သူးလေအုပ်ချုပ် နယ်မြေအတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ နေရပ်စွန့် ခွာ ထွက်ပြေး တိမ်းရှောင်ရသူ ၇၅၁၆၆၉ ဦးအထိရှိလာပြီဖြစ်ကြောင်း KNU ဗဟိုက ထုတ်ပြန် ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article