27 C
Yangon

ကော်သူးလေအုပ်ချုပ်နယ်မြေတွင် မတ်လတစ်လအတွင်း စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲပေါင်း ၅၁၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၄၂၉ ဦး သေဆုံး၊ KNLA ဘက်မှ ၂၂ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဧပြီ ၅

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း၌ နယ်မြေကျူးကျော်ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်၊ လက်ပါးစေ BGF ပူးပေါင်းတပ်ဖွဲ့နှင့် KNLA၊ KNDO ပူးပေါင်းတပ်ဖွဲ့ကြား ၂၀၂၂ ခုနှစ်၊ မတ်လ ၁ လအတွင်း တိုက်ပွဲပေါင်း ၅၁၀ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၊ BGF ဘက်မှ ၄၂၉ ဦး သေဆုံးကာ ၂၆၀ ဦး ဒဏ်ရာရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ ကား ၃၅ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း KNLA၊ KNDO ဘက်မှ ၂၂ ဦး ကျဆုံးခဲ့ပြီး ၃၅ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်နှင့် လက်ပါးစေ BGF တပ်များသည် အများပြည်သူနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသန်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂၅ ဦး သေဆုံးခဲ့ပြီး ၃၁ ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီသည် တပ်မဟာ ၃ ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၅ ဖာပွန်(မူတြော်)ခရိုင်၊ တပ်မဟာ ၆ ဒူးပလာယာခရိုင်များသို့ လေယာဉ်ဖြင့် ၈ ကြိမ် ထောက်လှမ်းခဲ့ပြီး ဗုံးကျဲတိုက်ခိကု်မှုကြောင့် ပြည်သူလူထု၏ နေအိမ်အဆောက်အဦး အများအပြား ပျက်စီးဆုံးရှုံးခဲ့ပြီး ပြည်သူ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article