ပဲခူး၊ တောင်သာနှင့် နွားထိုးကြီး မြို့နယ်တို့ရှိ စစ်တပ်ဂိတ်၊ စစ်ကားနှင့် တပ်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၁၉
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရွာကြီးရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်စားပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၁၆ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်က နွားထိုးကြီးမြို့နယ်၊ ရွာကြီးရွာ၌ တပ်စွဲထား သော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်စားပြောက်ကျားတပ်ဖွဲ့နှင့် မြင်းခြံမြို့နယ် ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ ပဲခူးမြိုနယ် ၊ ကလိစစ်ဆေးရေးဂိတ်နှင့် ဆင်ဖြူကွင်းလမ်းထိပ်ရှိ စစ်ဆေးရေးဂိတ်တိုကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၁၇ ရက် ည ၉ နာရီ မိနစ် ၄၀ ခန့်က ပဲခူးမြိုနယ်၊ ကလိစစ်ဆေးရေးဂိတ်ကို မိုင်း ၂ လုံး ဖြင့် လည်းကောင်း၊ ည ၁၀ နာရီခန့်တွင် ဆင်ဖြူကွင်းလမ်းထိပ်၌ ဘယ်ရီဂိတ်ထား၍ ကုန်ကားများကို ပိုက်ဆံကောက်နေသော စစ်ဆေးရေးဂိတ်ကို မိုင်း ၂ လုံးဖြင့် လည်းကောင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ ပြီး စစ်သား ၂ ဦး၊ ရဲ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့သို့ မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည် စစ်သား ၂ ဦးကို မင်္ဂလာဒုံစစ်ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို ပဲခူးမြို့နယ် ပကဖနှင့် Dike-U Defence Force (DDF) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဒုတိယ မြောက် High Jet ကားတစ်စီးကို ထိမှန်ခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက် မွန်းလွဲ ၁ နာရီ ၁၂ မိနစ်ခန့်က တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေး ရွာမှ တောင်သာမြို့ဘက်သို့ ပြန်လာသော စစ်ကောင်စီကား ၂ စီးကို အသင့်စောင့်ကြိုမိုင်းဆွဲတိုက် ခိုက်ခဲ့ရာ ဒုတိယမြောက်လိုက်ပါလာသည့် High Jet ကားတစ်စီးကို ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးခြင်း ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တောင်သာ ပကဖန နှင့် မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #Dike-UDefenceForce(DDF) #HighJet #BagoRegionPDF #စစ်ကောင်စီ #စစ်တပ် #ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့