27 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

– စစ်ကောင်စီက အားပေးထောက်ခံမှုနဲ့ ပြုလုပ်တဲ့ ဘာသာရေးသွေးထိုး လှုံဆော်ဆန္ဒပြပွဲတခုမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရာထူးကဆင်းပေးပြီး ဒုစစ်ခေါင်းဆောင် ဒုကာချုပ်ကို ရာထူးလွှဲပေးရန် ပြောဆိုဟောပြောခဲ့တဲ့ မဘသဘုန်းကြီး ပေါက်ကိုယ်တော် အရိယဝံသကို အာဏာ သိမ်းစစ်ကောင်စီတပ်က ဒီကနေ့မှာ ခေါ်ယူစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

– မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အဝင် ရထားသံလမ်းဂိတ်က စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေသွားတယ်လို့ Burma Revolution Rangers တပ်ဖွဲ့တာဝန်ခံ ကာတွန်းက ပြောပါတယ်။

– ရှမ်းပြည်နယ်၊ မိုးမိတ်မြို့ကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေပြီး စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် မိုးမိတ်မြို့မစျေး မီးလောင်ပျက်စီးကာ ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိ နေတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါတယ်။

– တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီး စစ်သားတွေလိုက်ပါလာတဲ့ FAW ကားနဲ့ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု အများအပြားရှိတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #FAWကား #BurmaRevolutionRangers

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article