ဒီပဲယင်းမြို့နယ်၊ မဲအိုးကျေးရွာမှ ပြည်သူ ၄ ဦးကို စစ်တပ်က ရက်ရက်စက်သတ်ဖြတ်ပြီးနောက် ပိဋကတ်ကျကျေးရွာတွင် စစ်တပ်က သတ်ဖြတ်သွားသော ပြည်သူ ၁ ဦး၏ အလောင်းကို ထပ်မံတွေ့ရှိရ
ရန်ကုန်၊ ဇန်နဝါရီ ၂၀
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မဲအိုးကျေးရွာမှ ပြည်သူ ၄ ဦးကို စစ်တပ်က ရက်ရက်စက်စက်သတ်ဖြတ်သွားပြီးနောက် ပိဋကတ်ကျ ကျေးရွာတွင်လည်း စစ်တပ်က သတ်ဖြတ်ထားသော ပြည်သူ ၁ ဦး၏ အလောင်းကို ထပ်မံတွေ့ ရှိရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ရေဦးမြို့မှ စစ်အင်အား ၈၅ ဦးပါ စစ်တပ် စစ် ကြောင်း က ဒီပဲယင်းမြို့နယ်ဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ ကြောင်း၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဒီပဲယင်းမြိ့နယ်၊ မဲအိုးကျေးရွာသို့ စစ်တပ်က အင် အား အလုံးအရင်းဖြင့် ဝင်ရောက် လာပြီး ပြည်သူ ၅၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ရွှေ၊ငွေ၊ ဖုန်းနှင့် တန်ဖိုးရှိပစ္စည်းများကို လုယက်သွားကြောင်း၊ ဖမ်းဆီးထားသော ပြည်သူ ၅၀ ဦးအနက်မှ တချို့ကို ပြန်လွှတ်ပြီး ပြည်သူ ၁၅ ဦးကို လူသားတံတိုင်းအဖြစ် ဖမ်ဆီးကာ လက်ယက်ကုန်းကျေးရွာအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က လက်ယက်ကုန်းကျေးရွာသို့ ရောက်ရှိသော အခါ ဖမ်းဆီးထားသော ပြည်သူ ၁၅ ဦးအနက်မှ မဲအိုးကျေးရွာမှ ပြည်သူအမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးကို ခေါင်းဖြတ်၊ လက်ခြေထောက်များ ဖြတ်ကာ ရက်ရက်စက်စက် သတ် ဖြတ် သွားကြောင်း၊ အမျိုးသမီးအလောင်းကိုမူ တဲအိမ်ထည့်၍ မီးရှို့သွား ကြောင်း သိရှိရသည်။
ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် စစ်တပ်က ဖမ်းဆီးသွားသော ပြည်သူ များအနက်မှ မဲအိုးကျေးရွာသား ကိုဇင်မင်းညွှန့် (ခ) တာပု၏ အလောင်းကို ပိဋကတ်ကျ ကျေးရွာအနီးတွင် ထပ်မံတွေ့ရှိရကြောင်း သိရှိရသည်။
“ဇန်နဝါရီလ ၁၉ ရက်နေ့မှာ မဲအိုးကျေးရွာမှ ပြည်သူ ၄ ဦးရဲ့ ရုပ်အလောင်းကို လက်ယက်ကုန်းကျေးရွာမှာ တွေ့ရတယ်။ ဒီနေ့မှာတော့ မဲအိုးကျေးရွာသား ကိုဇင်မင်းညွန့် ရုပ်အလောင်းကို ပိဋကတ်ကျကျေးရွာအနီးမှာ တွေ့ရတယ်။ စုစုပေါင်း အသတ်ခံရတဲ့ ပြည်သူ ၅ ဦး ရှိသွားပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် ဒီပဲယင်းမြို့နယ်မှ ပြည်သူ နှစ်သောင်းကျော် ထွက်ပြေးနေရပြီး လက်ရှိတွင် စစ်တပ်က ဇိမ့်ဇွန်းကျေးရွာ တွင် ညအိပ်ကာ မုတ်စီ /ငြုတ္တုံ ကျေးရွာဘက်သို့ ရောက်ရှိနေကြောင်း သိရှိရသည်။
#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ဒီပဲယင်းမြို့နယ် #စစ်တပ်