32 C
Yangon

မကွေးတွင် စစ်ကောင်စီလက်အောက်ခံ အရာတော်ရေနံ​မြေမှ Non-CDM ဌာနမှူး အပါအဝင် ဝန်ထမ်း ၄ ဦးကို ပျောက်ဆုံးနေ

Must read

မကွေးတွင် စစ်ကောင်စီလက်အောက်ခံ အရာတော်ရေနံ​မြေမှ Non-CDM ဌာနမှူး အပါအဝင် ဝန်ထမ်း ၄ ဦးကို ပျောက်ဆုံးနေ

ရန်ကုန်၊ ဇန်နဝါရီ ၂၁

မကွေးတိုင်းအတွင်းရှိ အရာတော်ရေနံမြေမှ စက်လှေဖြင့်ပြန်လာသည့်Non-CDM ဌာနမှူး အပါအဝင် ဝန်ထမ်း၄ ဦးပျောက်ဆုံးနေကြောင်း နေပြည်တော် စွမ်းအင်ဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ အရာတော်ရေနံမြေမှ စက်လှေဖြင့် ပြန်လာသည့် စစ်ကောင်စီလက်အောက်ခံ Non-CDM ထုတ်လုပ်ရေး ဌာနမှူး မျိုးမင်းနိုင်၊ အင်ဂျင်နီယာ လက်အောက် စက်မှု ဌာနမှူး ကိုကိုချစ်ထွန်း၊ စတို ဌာနမှူး ကိုကိုနိုင်နှင့် အခြားဌာနမှ ဌာနမှူး တစ်ဦးတို့ ပျောက်ဆုံးနေကြောင်း သိရှိရ သည်။

“MOGE လက်အောက်က ဌာနမှူး ၄ ဦးဖြစ်တဲ့ ထုတ်လုပ်ရေး ဌာနမှူး မျိုးမင်း နိုင်၊ အင်ဂျင်နီယာ လက်အောက် စက်မှု ဌာနမှူး ကိုကိုချစ်ထွန်း၊ စတို ဌာနမှူး ကိုကိုနိုင်နဲ့ အမည်မသိ ဌာနမှူး ၁ ဦး ပျောက်နေတယ်။ သူတို့ ၄ ဦးက အရာ တော် ရေနံမြေမှာ တာဝန်ထမ်းဆောင်နေတဲ့ လူ ၄ ဦးပါ စက်လှေနဲ့ အပြန်မှာ ဖမ်းခံ ရပြီး စက်လှေပါ ပျောက်နေတယ်လို့ သိရတယ်” ဟု ဝန်ကြီးဌာန သတင်း ရင်းမြစ်က ပြောဆိုသည်။

အဆိုပါ အရာတော် ရေနံမြေမှ ဌာနမှူး ၄ ဦးကို မည်သည့် အဖွဲ့အစည်းက ဖမ်းဆီးသွားသည်ကို အတည်မပြုနိုင်သေးကြောင်း ဝန်ကြီးဌာန သတင်း ရင်းမြစ်ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article