28 C
Yangon

ခင်ဦးမြို့နယ်တွင် ၁၂ ရက်အတွင်း အင်အား ၁၀၀ နီးပါး ပါ စစ်တပ်စစ်ကြောင်းက ရွာပေါင်း ၂၅ ရွာကို မီးရှို့ဖျက်ဆီးသဖြင့် လူနေအိမ် ၂၈၀ လုံးပြာကျ၊ PDF နှင့်ပြည်သူ ၉ ဦးအသတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံး

Must read

By ရန်ကုန်ခေတ်သစ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အင်အား ၁၀၀ နီးပါး ပါ စစ်ကောင်စီစစ်ကြောင်းသည် ရွာပေါင်း ၂၅ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

မတ်လ ၂၄ ရက်နေ့မှစတင်၍ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်တွင် စစ်သား ၉၁ ဦးနှင့် ပျူစောထီး ၈ဦးစုစုပေါင်း အင်အား စုစုပေါင်း ၉၉ဦး သည် ယနေ့အထိ စစ်ကြောင်းနှစ်ကြောင်းခွဲ ပြီး ယာတော်၊ ဥယာဥ်၊ ပျဥ်ထောင်၊ ကင်းပြစ်၊ သရက်ကုန်း ဗအိုး ဂလုံ ရှားတော ပေါက်တော မဒေါင်းလှ ပင်တင်း အိုင်ပေါက်ကြီး အလယ်ရှို တမုတ် ကုလားလူး ရှားလွင် ရွာစဥ် ထနောင်းကိုင်းလေး ညောင်ကန် ထနောင်းကိုင်းကြီး မင်းဝံစိုက်ကွင်း ရွှေလူးအိုင် ငါးတင်းကြီး အုန်းပင်ကုန်း ဆိုင်ဂေါင်း စသည့်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ဝင်ရောက် မွှေနှောက် မီးရှို့ဖျက်ဆီးကြကြောင်း သိရှိရသည်။

ဒေသ ကာကွယ်ရေးတပ်များကလည်း အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို လမ်းကြောတစ်လျောက် ကုလားလူးကျေးရွာအဝင် မတ်လ ၂၉ ရက်နေ့တွင် တစ်ကြိမ် မိုင်းဆွဲခြင်း၊ မတ်လ ၃၀ ရက်နေ့တွင် တစ်ကြိမ် မိုင်းဆွဲခြင်း၊ ဧပြီလ ၁ ရက်နေ့ ထနောင်းကိုင်းကြီးကျေးရွာအဝင်တွင် မိုင်းဆွဲခြင်း၊ ဧပြီလ ၄ ရက်နေ့ အုန်းပင်ကုန်းနှင့်ဆိုင်ဂေါင်းကြားနားနေစဥ် မိုင်းဆွဲခြင်းများဖြင့် ပြန် လည် တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်း ခင်ဦးမြို့နယ်အတွင်းမှ အဆိုပါ စစ်ကောင်စီစစ်ကြောင်း ပြန်လည် ထွက်ခွာရာတွင် စုစုပေါင်း ၈၂ ဦးသာကျန်ရှိပြီး ၁၇ ဦး မိုင်းထိပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

မတ်လ ၂၄ ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ၊ မတ်လ ၃၁ ရက်နေ့တွင် ဒေသကာကွယ်ရေးလူငယ် ၃ ဦးနှင့်ပြည်သူ ၁ ဦး၊ ဧပြီလ ၃ ရက်နေ့တွင် လူငယ် ၃ ဦး စုစုပေါင်း ၉ ဦးကျဆုံးခဲ့ရကြောင်း သိရှိရသည်။

စစ်တပ်က မီးရှို့ဖျက်ဆီးရာတွင် မတ်လ ၃၁ ရက်နေ့ ကုလားလူးကျေးရွာတွင် ၅၂အိမ်(ဒုတိယအကြိမ်)ရှားလွင်ကျေးရွာတွင် ၆အိမ်(ဒုတိယအကြိမ်)၊ ဧပြီလ၂ ရက်နေ့ မင်းဝံစိုက်ကွင်းကျေးရွာတွင် ၄ အိမ်၊ ဧပြီလ၃ ရက်နေ့တွင် ငါးတင်းကြီးကျေးရွာတွင်လူနေအိမ် ၂၀၉ (တိုက်အိမ် ၁၇၆လုံး)၊ ယနေ့နံနက်အချိန်တွင် အုန်းပင် ကုန်းကျေးရွာ ၆အိမ် နှင့် ဆိုင်ဂေါင်းကျေးရွာ၃အိမ် တို့အကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် စစ် တပ် က ၁၃ ရက်အတွင်း ပြည်သူပိုင်နေအိမ်စုစုပေါင်း ၂၈၀မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ခင်ဦးမြို့နယ်တွင် မတ်လ ၁ ရက်နေ့မှစတင်ပြီးယနေ့ထိ စုစုပေါင်း ၆၄၆ အိမ် မီးရှို့ခံခဲ့ရပြီး အပြစ်မဲ့ပြည်သူ ၃၅၀၀ ဝန်းကျင်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း၊ ကျေးရွာများမှ အပြစ်မဲ့ပြည်သူပေါင်း ၃၇၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article