23 C
Yangon

မတ္တရာမြို့နယ် သံဃနာယက အတွင်းရေးမှူး ထန်းပင်ကုန်းကျောင်း ကျောင်းထိုင်ဆရာတော် စစ်တပ်၏ ဖမ်းဆီး နှိပ်စက်မှုကြောင့် ပျံလွန်တော်မူ

Must read

မတ္တရာမြို့နယ် သံဃနာယက အတွင်းရေးမှူး ထန်းပင်ကုန်းကျောင်း ကျောင်းထိုင်ဆရာတော် စစ်တပ်၏ ဖမ်းဆီး နှိပ်စက်မှုကြောင့် ပျံလွန်တော်မူ

ရန်ကုန်၊ ဇန်နဝါရီ ၂၂

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် သံဃနာယက အတွင်းရေးမှူး ထန်းပင်ကုန်းကျောင်း ကျောင်းထိုင်ဆရာတော် ဥူးဝါယမကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးကာ ဓားဖြင့် လည်ပင်းထိုးသွင်း၍ လမ်းဘေးတွင် စွန့်ပစ်ခဲ့ပြီး အဆိုပါ လည်ပင်း ဓားထိုးသွင်း ဒဏ်ရာကြောင့် ပျံလွန်တော်မူသွားကြောင်း မတ္တရာမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုဘိုတောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့တွင် မတ္တရာမြို့နယ် သံဃနာယက အတွင်းရေးမှူး ဆရာတော်ကို ဖမ်းဆီးကာ နိုဝင်ဘာ ၁၄ ရက် ည ၉ နာရီတွင် မတ္တရာမြို့နယ် ဇီးဖြူပင်ကုန်းကျေးရွာနား ဘောင်းကြီးတွင် စွန့်ပစ်ခဲ့ကာ အဆိုပါ လည်ပင်း ဓားထိုးသွင်း ဒဏ်ဖြင့်ပင် ဇန်နဝါရီ ၁၈ ရက်နေ့တွင် ပျံလွန်တော်မူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဆရာတော်ဘုရားကတော့ အဲဒီနေ့ (နိုဝင်ဘာ ၁၄ ရက်နေ့) မှာ နယ်မြေခံပြည်သူတစ်ဦးက သိရတာကတော့ ဆရာတော်ဘုရားက လည်ပင်း ဓားဒဏ်ရာ လည်ပင်း ဓားထိုးသွင်းဒဏ် ရာနဲ့ တွေ့တယ်လို့ ပြောလာပါတယ်။ ပြီးတော့ ဆရာတော်ဘုရားကို ၁၅ ရက်နေ့ မနက် ၆ နာရီခွဲလောက်မှာ ထန်းပင်ကုန်းကျောင်းက ဆရာတော်တွေက ဘုန်းကြီးကို လာရောက်ကြိုပြီးတော့ ထန်းပင်ကုန်းကျောင်းကိုပဲ လာခေါ်သွားတယ်လို့ သိရပါတယ်။ ဒီနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ဆရာတော်ဘုရားက အရေးပေါ်မှာ အဲဒီ လည်ပင်းဓားဒဏ်ရာကြောင့်နဲ့မို့ မတ္တရာမြို့ ဆေးရုံကို ရောက်လာတယ်လို့ သိရပါတယ်။ ဆရာတော် အဲဒီနေ့မှာပဲ ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်”ဟု မတ္တရာမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီး၍ လည်ပင်းဓားထိုးသွင်းဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့သည့် ဆရာတော် ဥူးဝါယမ၏ ရုပ်အလောင်းကို ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ထန်းပင်ကုန်းကျောင်းတွင်ပင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article