28 C
Yangon

တောင်သာနှင့် ရေဦး မြို့နယ်တို့တွင် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

တောင်သာနှင့် ရေဦး မြို့နယ်တို့တွင် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၂

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ဒရုန်းလေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း နွားကြီးမြို့နယ် သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၂၂ ရက် နံနက် ၁၀ နာရီခန့်က တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာ၌ တပ်စွဲထား သော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းလေယာဉ်ငယ် ၃ စီးဖြင့် ၂ ကြိမ် ဗုံးသီး ၆ လုံးက ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူးဗျ၊ ဒရုန်းလေယာဉ် ၃ စီးနဲ့ ၂ ကြိမ် ဗုံးသီး ၆ လုံးကျဲချတိုက် ခိုက်ခဲ့တာ၊ ခွေးတွေက ဇရပ်ကြီးရွာမှာ တပ်စွဲထားတာ “ ဟု နွားထိုးကြီးမြို့နယ် သတင်းတာဝန်ခံက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ငါးဇွန်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ကိုခေါ်ယူပြီး စစ်သင် တန်းပေးရန် စီစဉ်လျက်ရှိကာ ငါးဇွန်မြို့ပတ် ဝန်းကျင်၌လည်းဘန်ကာများတည် ဆောက်ကာ ခံစစ်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ထို့အပြင်စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုတ်စီကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင် စီတပ် သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း-၁၄ (YEU PDF) ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရေဦးမြို့နယ်၊ မုတ်စီကျေးရွာ၌ တပ်စွဲထား သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ၊ ရေဦး PDF က ဒရုန်း ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရှိသည့် နေရာကို ကျရောက် ပေါက်ကွဲခဲ့သော်လည်း စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင် သေး ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article