25 C
Yangon

ိုင်းမော်မြို့နယ်၊ ခဇူးရွာနှင့် တဘတ်ယန်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲ၊ ယမန်နေ့ ရွှေညောင်ပင်ကျေးရွာတစ်၀ိုက်တွင် တိုက်ပွဲပြင်းထန်ခဲ့

Must read

ိုင်းမော်မြို့နယ်၊ ခဇူးရွာနှင့် တဘတ်ယန်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲ၊ ယမန်နေ့ ရွှေညောင်ပင်ကျေးရွာတစ်၀ိုက်တွင် တိုက်ပွဲပြင်းထန်ခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ကချင်ပြည်နယ်၊ ိုင်းမော်မြို့နယ်၊ ခဇူးရွာနှင့် တဘတ်ယန်တွင် တိုက်ပွဲဖြစ် ပွား ခြင်း မရှိဘဲ စစ်တပ်က ယနေ့ မွန်းလွဲပိုင်း ဗုံးကျဲချကြောင်း KIA သတင်း ရင်းမြစ် နှင့်ဒေသပြည်သူများက ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန် ၊ ၀ိုင်းမော်မြို့ နယ်၊ ခဇူးကျေးရွာနှင့် တဘတ်ယန်တွင် တိုက် လေ ယာဉ် ၂ စီးဖြင့် စစ်ကောင်စီ တပ်က ဗုံးကျဲချသွားကြောင်း၊ လတ်တလော အထိအခိုက် အပျက် အစီး အခြေ အနေ မသိရှိရသေးကြောင်း သိရှိရသည်။

“ဒီနေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်မှာ ဝိုင်းမော် မြို့နယ် ခဇူး ကျေးရွာ နဲ့ တဘတ်ယန် မှာ ဂျက်ဖိုက်တာ ၂စီးဖြင့်လာရောက်ဗုံးကျဲသွားပါတယ်။ တိုက် ပွဲဖြစ်ပွားခြင်း မရှိပါဘူး။ ထိခိုက်မှုအခြေ အနေမသိရသေးပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

သို့ရာတွင် ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ၀ိုင်းမော်မြို့နယ်၊ ရွှေညောင်ပင် ကျေးရွာအနီးတွင် တိုက်ပွဲ တစ်နေကုန်ပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ဦးရွှေမင်းပြည်သူ့စစ်တပ်များကို KIA နှင့် PDF ပူးပေါင်းတပ်များက ၀ိုင်းပန်းပိတ်ဆို့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

” မနေ့ တစ်နေကုန် မနက် ၁၀ နာရီကနေ ည ၉ နာရီအထိ ဝိုင်းမော် မြို့နယ် ရွှေညောင်ပင် ရွာတစ်ဝိုက်တိုက်ပွဲပြင်းထန်ခဲ့တယ်။ စကစ စစ်တပ်နဲ့ ဦးရွှေမင်း ပြည့သူ့စစ် ပူပေါင်းအဖွဲ့တွေ လှုပ်ရှားလာလို့ KIA+KPDF ပူးပေါင်းတပ်ဖွဲ့က ဝိုင်းဝန့်းပိတ်စို့ တိုက်ခိုက်ခဲ့တာ။ .ဦရွှေမင်း ပြည်သူ့စစ်တပ်ဖွဲ့တွေတော်တော် များ များ အထိနာသွားကြတယ်။ လူနာနဲ့ အလောင်းတွေကိုကား ၃ စီးနဲ့ ဝိုင်းမော် ဘက်သယ်သွားတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article