35 C
Yangon

ရေးမြို့နယ်၊ လင်းဦး စစ်တပ် စစ်ဆေးရေးဂိတ်မှ စစ်သား ၃ ဦး လိုက်ပါလာ သော ကားကို အသင့်စောင့်ကြို တိုက်ခိုက်မှု ၃ ဦးလုံးသေဆုံးပြီး လက်နက် ၃ လက် သိမ်းပိုက်ရရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

မွန်ပြည်နယ်၊ ရေးမြို့နယ် လင်းဦး စစ်တပ် စစ်ဆေးရေးဂိတ်မှ စစ်သား ၃ ဦး လိုက်ပါလာသော ကားကို လမ်းတွင် အသင့်ကြိုစောင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး လက်နက် ၃ လက်သိမ်းပိုက်ရရှိခဲ့ကြောင်း ရေးဘီးလူး အဖွဲ့ ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၂၄ ရက်နေ့ နံနက် ၇ နာရီကျော်အချိန် ကားလမ်းတစ်နေရာတွင် အသင့် စောင့်ကြို၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး လက်နက်ငယ် ၂ လက်အပြင် လက်နက်ကြီး တစ်လက်သိမ်းပိုက်ရရှိခဲ့ကြောင်း ရေးဘီးလူးအဖွဲ့ ခေါင်းဆောင် က ရှင်းပြသည်။

“စစ်ဆေးရေး ဂိတ်ရဲ့ဦးဆောင်သူ ဂိတ်မှူး စိုးသူအပါအဝင် တပ်သား ၃ ဦးကို ကျနော်တို့ ရေးဘီလူးအဖွဲ့က စောင့်ပစ်တယ်။ သူတို့ပါ လာတဲ့ ကားကို စောင့် ပစ်တယ်။ လက်နက် ၃ လက်ရတယ်။ လက်နက်ကြီး 79 တစ်လက်ပါတယ်။ လက်နက်ငယ်က AK ၂ လက်ရတယ်”ဟု ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #AK

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article