28 C
Yangon

ဟိုပုံးမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို PNO က လက်နက်ဝယ်ယူရန် တစ်အိမ်လျှင် ငွေကျပ် ၁ သိန်းနှုန်းနှင့် တစ်ရွာလျှင် လူ ၄ ဦး တောင်းခံ

Must read

ဟိုပုံးမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို PNO က လက်နက်ဝယ်ယူရန် တစ်အိမ်လျှင် ငွေကျပ် ၁ သိန်းနှုန်းနှင့် တစ်ရွာလျှင် လူ ၄ ဦး တောင်းခံ

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က လုံခြုံရေးအကြောင်းပြကာ လက်နက်ဝယ်ယူရန် တစ်အိမ်လျှင် ငွေကျပ် ၁ သိန်းနှုန်းနှင့် တစ်ရွာလျှင် လူ ၄ ဦး တောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က တစ်အိမ်လျှင် ငွေကျပ် ၁ သိန်းနှုန်း လိုက်တောင်းနေခြင်း ဖြစ်ပြီး ရပ်ရွာ လုံခြုံရေးအကြောင်းပြ၍ တစ်ရွာလျှင် လူ ၄ ဦးလည်း လိုက်တောင်းနေ၍ အခက်တွေ့နေရကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“PNO က ဟိုပုံးတစ်ဝိုက်က ရွာတွေမှာ တစ်ရွာ လူ ၄ ဦးနဲ့ လက်နက်ဝယ်ဖို့ တစ်အိမ် ၁ သိန်း ကောက်နေပါတယ်။ ရွာလုံခြုံရေးလို့ပြောတာဗျ။ ကျွန်တော်တို့ အုပ်စုကတော့ ရွာသုံးဆယ်ကျော် ရှိတယ်ဗျ။ တခြားရွာအုပ်စုတွေကောဆို ရွာတစ်ရာကျော်လောက်ရှိမယ်ထင်တယ်ဗျ။ ပေးကြမှာ မရှိရင်တောင် ချေးပေးကြမှာ။ ရွာတိုင်းမှာ PNO က လူတွေ ပိုများတော့ ကြောက်နေကျတာ” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article