28 C
Yangon

နွားထိုးကြီးမြို့နယ်၊ နနွင်းတော်ဘိုးလမ်းခွဲတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

နွားထိုးကြီးမြို့နယ်၊ နနွင်းတော်ဘိုးလမ်းခွဲတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၆

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နနွင်းတော်ဘိုးလမ်းခွဲတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၂၆ ရက် နံနက် ၁၀ နာရီခန့်က မြင်းခြံမြို့ဘက်မှ နွားထိုးကြီးမြို့နယ်၊ သာကုန်း ကျေးရွာဘက်သို့ စစ်ကောင်စီတပ်သား၊ ပျူစောထီးများ လိုက်ပါလာသည့် ကား ၃ စီးကို နနွင်းတော် ဘိုးလမ်းခွဲအရောက် ပဒေသာမိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ နောက်ဆုံးမှလိုက်ပါလာသည့် မတ်တူးကားကို ထိမှန်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသည့် ပျူစောထီး တစ်ဦးပွဲချင်းပြီးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကားတွေပေါ်မှာတော့ အင်အား ဘယ်လောက်ပါလဲမသိဘူး၊ ကျနော်တို့ဆွဲလိုက်တဲ့ ကားမှာတော့ အင်အား ၇ ယောက်ပါတယ်လို့ ကျနော်တို့သိရတယ်၊ သတင်းကြိုရလို့ မိုင်း ၄ လုံးတပြိုင်တည်းခွဲခဲ့ တာပါ၊ တိုက်ခိုက်မှုအပြီး ပြန်ပစ်တာတော့ ဘာမှမရှိဘူး၊ မတ်တူးက မိုင်းခွဲပြီးပြီးချင်း ရှေ့မှာ ထိုးရပ် သွားတယ်၊ ထိုးရပ်သွားပြီးပြီးချင်းမြင်းခြံဘက်ကို နောက်ပြန်လှည့်သွားတာပေါ့၊ ပြီးမှ မြင်းခြံဘက်က နေ နာရေးကူညီမှုအသင်းကားနဲ့ သေဆုံးကတစ်ယောက် ဒဏ်ရာရတဲ့သူ နှစ်ယောက်ပေါ့၊ တစ် ယောက်ကတော့ ဆေးရုံမှာသေတော့မယ်လို့ကြားတယ်၊ သေတော့မသေဘူး၊ တော်တော်ဒဏ်ရာ ပြင်းတယ်၊ နောက်တစ်ယောက်ကတော့ အသက်အန္တရာယ် မစိုးရိမ်ရဘူး၊ ပြီးတော့ ရှေ့ကကား ၂ စီး က အဲနားလေးကို လာစစ်ဆေးတာတော့ရှိတယ်၊ သေနတ် ရမ်းသမ်းဖောက်တာတော့မရှိဘူး၊ ပြီးတော့ တောက်လျှောက်ပြန်ထွက်သွားတာပေါ့” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းထိသော ကားမှာ ဘယ်ဘက်မျက်နှာပြင်မှ လေကာမှန်များကွဲသွားကာ မြင်းခြံမြို့ဘက်သို့ ပြန်လှည့်သွား ကြောင်း၊ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသော ပျူစောထီးများကို မြင်းခြံမြို့မှ လူနာတင်ကားများဖြင့် လာရောက်တင်ဆောင်ပြီး မြင်းခြံပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်သွားကြောင်း သိရသည်။

ထို့နောက် နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် ကျန်ကား ၂ စီးမှ မိုင်းဆွဲတိုက်ခိုက်ခံရသည့် နေရာကို လာရောက်စစ်ဆေးခဲ့ကာ မြင်းခြံမြို့ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article