30 C
Yangon

စစ်ကောင်စီ ပြုလုပ်မည့် ပွဲလမ်းသဘင်များတွင် မပါဝင်ကြရန်၊ စစ်သားများနှင့် ဝေးရာတွင်နေရန် ပုလော PDF ထုတ်ပြန်၊ ပြည်သူများ လုံခြုံသည့်နေရာတွင် နေထိုင်ပြီး စားနပ်ရိက္ခာများ စုဆောင်းထားကြရန် ဂန့်ဂေါ ပ.အ.ဖ ထုတ်ပြန်

Must read

ရန်ကုန်၊ ဧပြီ ၆

အကြမ်းဖက်စစ်ကောင်စီက ကျင်းပသည့် ပွဲလမ်းသဘင်များ၊ အခမ်းအနားများတွင် ပါဝင်ဆင်နွှဲခြင်းမပြုရန်နှင့် စစ်ကောင်စီတပ်ဖွဲ့များ ယာဉ်တန်းများ ဝေးရာမှ ရှောင်ကွင်းသွားလာကြရန်ပြည်သူများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) က အသိပေးမေတ္တာရပ်ခံထားသည်။

ပုလော PDF က အချက် ၄ ချက်ပါ မေတ္တာရပ်ခံချက်ထုတ်ပြန်ထားပြီး စစ်အုပ်စု စစ်ယာဉ်တန်းများနှင့် ဝေးရာမှာ ရှောင်ကွင်းသွားလာရန်၊ မလိုအပ်ဘဲ ခရီးသွဦးလာခြင်း မပြုရန်၊ စစ်အာဏာရှင်လက်အောက်၌ သင်္ကြန်ပွဲတော်ကဲ့သို့ စစ်ကောင်စီကျင်းပမည့် ပွဲလမ်းသဘင်များ အခမ်းအနားများတွင် ပါဝင်ဆင်နွှဲခြင်းမပြုရန်၊ စစ်ကောင်စီနှင့် ပူးပေါင်းခြင်း အားပေးခြင်း သတင်းပေးခြင်းများ မပြုလုပ်ကြရန် ပြည်သူလူထုကို အသိပေးထားသည်။

ပုလော PDF က အကြမ်းဖက်စစ်ကောင်စီကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။

အလားတူ ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးအကြောင်းပြကာ အကြမ်းဖက်မှုများ ကျူးလွန်နေခြင်းကြောင့် ပြည်သူများအနေဖြင့် လုံခြုံသည့်နေရာတွင်သာ နေထိုင်ကြရန်၊ စားနပ်ရိက္ခာများ ကြိုတင်စုဆောင်းထားကြရန်နှင့် ပြည်သူအချင်းချင်း စာနာထောက်ထားကြရန် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လက်ရှိနယ်မြေဒေသအခြေအနေကြောင့် ဂန့်ဂေါ-ကလေးလမ်းပိုင်းနှင့် ဂန့်ဂေါ-ထီးလင်း လမ်းပိုင်များကို အကြောင်းမဲ့သွားလာခြင်းများ ပြုလုပ်ကြရန် ဂန့်ဂေါ ပ.အ.ဖ က သတိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် ဧပြီလ ၄ ရက်နေ့တွင် ထယ်လှော်ကျေးရွာရှိ အမျိုးသား ၁ ဦးနှင့် ၁၄ နှစ်အရွယ် မိန်းကလေး ၁ ဦးကို သတ်ဖြတ်သွားကြောင်း မတ်လ ၁ လအတွင်း စစ်ကောင်စီတပ်ဖွဲ့များ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၃၆ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article