32 C
Yangon

ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်များနှင့် အရပ်သား ပြည်သူများ အပေါ် သတ်ဖြတ်နေသည့် စစ်အုပ်စုကို စစ်ခုံရုံးတင် အပြစ်ပေးနိုင်ရေး ကုလသမဂ္ဂကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများက ထိရောက်သော အကူအညီများပေးရန် IEC တိုက်တွန်းတောင်းဆို

Must read

ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်များနှင့် အရပ်သား ပြည်သူများ အပေါ် သတ်ဖြတ်နေသည့် စစ်အုပ်စုကို စစ်ခုံရုံးတင် အပြစ်ပေးနိုင်ရေး ကုလသမဂ္ဂကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများက ထိရောက်သော အကူအညီများပေးရန် IEC တိုက်တွန်းတောင်းဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ကရင်နီပြည်နယ်အတွင်း၌ ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်များနှင့်အရပ်သားပြည်သူများအပေါ် သတ်ဖြတ်ခံနေရမှုများ အဆုံးသတ်ရေးအတွက် စစ်အုပ်စုကို နိုင်ငံတကာ စစ်ခုံရုံးတင်ကာ စစ်ဆေး အပြစ်ပေးနိုင်ရေးအတွက် ကုလသမဂ္ဂကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများ အနေဖြင့် ထိရောက်သော အကူအညီများ ဆက်လက်ပံ့ပိုးပေးရန် ကရင်နီပြည်ကြားကာလအုပ်ချုပ် ရေးကောင်စီ – IEC က တိုက်တွန်းတောင်းဆိုထားသည်။

ဖေဖော်ဝါရီလ ၄ ရက် ညနေပိုင်းက တောင်ကြီးမြို့နယ်၊ မိုင်းပျဉ်းအခြေစိုက် တရားမဝင် အာဏာ သိမ်း စစ်တပ် ခလရ ၂၄၉ ခန့်မှန်းအင်အား ၆၀ ကျော်သည် ရှားတောမြို့နယ်အတွင်း တောင်ယာ ခင်းတစ်ခုတွင် စစ်ရှောင်နေကြသည့် အရပ်သားပြည်သူ မိသားစု ၃ စု အား ဖမ်းဆီးခဲ့၍ လမ်းပြစေ ခဲ့ပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့နောက် ဖေဖော်ဝါရီလ ၅ ရက် နံနက် ၈ နာရီ ဝန်းကျင်၌ဖမ်းဆီးခေါ်ဆောင်လာခဲ့သည့် အရပ်သားပြည်သူ ကလေးငယ် ၃ ဦး၊ ကိုယ်ဝန်ဆောင် အမျိုး သမီးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦး၊ ကိုယ်ဝန်အတွင်း သန္ဓေသားလောင်း ၁ ဦး နှင့် အမျိုး သား ၁ ဦး စုစုပေါင်း ၇ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နေ့ရက်တစ်ရက်တည်း၌ပင် ဒီးမော့ဆိုမြို့နယ် ဒေါဆီးအီကျေးရွာနှင့် လွိုင်နန်းဖကျေးရွာတို့ ကို တရားမဝင်အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုတို့ ကြောင့် အပြစ်မဲ့ ကျောင်းသားကလေးသူငယ် ၄ ဦး၊ စစ်ရှောင် အမျိုးသား ၁ ဦး စုစုပေါင်း ၅ ဦး သေ ဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်ဆိုးများသည် တရားမဝင်အာဏာသိမ်း စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှုများကို ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူများကိုပစ်မှတ်ထား တိုက်ခိုက်မှုဖြစ်ပြီး ထိုသို့ တိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုံ့ချပါကြောင်း ကရင်နီ ပြည်ကြားကာလအုပ်ချုပ် ရေးကောင်စီ – IEC က ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ ဆိုးရွားလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်တိုက် ကျူးလွန်နေမှုများ အဆုံး သတ်နိုင်ရန် ကမ္ဘာ့ကုသမဂ္ဂကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများအနေဖြင့် ထိုစစ်ရာဇဝတ်မှုကျူးလွန်နေသူများကို နိုင်ငံတကာ စစ်ခုံရုံးများတွင် စစ်ဆေးအပြစ်ပေးနိုင်ရန်နှင့် နစ်နာခံစားခဲ့ရသော အရပ်သားပြည်သူ အမျိုးသမီးနှင့် ကလေးသူငယ်များအတွက် ထိရောက်သော အကူအညီများ ဆက်လက်ပံ့ပိုးပေးနိုင်ရန် ကရင်နီပြည် ကြားကာလအုပ်ချုပ် ရေးကောင်စီ – IEC က တိုက်တွန်း တောင်းဆိုထားသည်။

ဤကဲ့သို့ ဝမ်းနည်းဖွယ်ဖြစ်ရပ်ဆိုးကို ကြုံတွေ့ခဲ့ရသည့် မိသားစုဝင်များနှင့် နစ်နာဆုံးရှုံး ထိခိုက် သေ ကြေခဲ့ရသည့် အပြစ်မဲ့ ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် အရပ်သားပြည်သူများအတွက် တရား မျှတမှုကို ဖော်ဆောင်ပြီး စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးကို အဆုံးစွန်အထိ လုပ် ဆောင်မည်ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ် ရေးကောင်စီ – IEC က အသိပေးထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article