30 C
Yangon

စစ်ကောင်စီ၏ စစ်မှု မထမ်းမနေရ ဥပဒေကြောင့် ပြည်တွင်းမှ လူငယ်အများအပြား ပြည်ပနိုင်ငံများသို ထွက်ခွာရန် အပြင်းအထန် ကြိုးစားနေကြပြီး စစ်ကောင်စီက ပြည်ပအလုပ်အကိုင်များ ယာယီ ပိတ်ပင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

အကြမ်းဖက်စစ်ကောင်စီက စစ်မှု မထမ်းမနေရ ဥပဒေကြောင့် ပြည်တွင်းမှ လူငယ်များ ပြည်ပနိုင်ငံများသို ထွက်ခွာရန် အပြင်းအထန် ကြိုးစားနေကြပြီး စစ်ကောင်စီကလည်း ပြည်ပအလုပ်အကိုင်များကို ယာယီပိတ်ပင်လိုက်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

“ထိုင်း MOU တွေ ခေတ္တဆိုင်းငံ့တယ်။ မလေးရှား၊ ဂျပန်၊ စင်ကာပူနဲ့ အခြားအလုပ်အကိုင်တွေလည်း ယာယီ ဆိုင်းငံ့ခိုင်းတယ်။ အမိန့်စာတော့ လက်ထဲမရသေးဘူး။ ပြည်ပအလုပ်အကိုင်အေဂျင်စီအဖွဲချုပ်ဘက်က ထုတ်တာ။ အလုပ်သမားဝန်ကြီးဌာနကနေ ညွှန်ကြားတယ်လို ပြောတယ်။ မနေ့က အဲဒီလို ညွှန်ကြားတာလို ပြောတယ်။ အလုပ်တွေက ခဏ ယာယီ ပိတ်တာ။ စည်းကမ်းချက်အသစ်တွေနဲ့ ပြန်ဖွင့်ပေးမယ်ပြောတယ်” ဟု ရန်ကုန်တိုင်း၊ ကမာရွတ်မြိုနယ်မှ ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

လက်ရှိတွင် ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ စင်ကာ အပါအဝင် ပြည်ပနိုင်ငံများသို သွားရောက် ကြိုးစားနေကြသည့် လူငယ်များ များစွာရှိနေကြပြီး ၎င်းတို၏ မိဘများကိုယ်တိုင် သားသမီးများကို ပြည်ပသို အမြန်စေလွှတ်လိုကြ၍ ကြိုးစားနေကြကြောင်း၊ နိုင်ငံကူးလက်မှတ် မှောင်ခိုင်စျေးနှုန်းများလည်းဖြစ်ပေါ်နေပြီး နိုင်ငံကူးလက်မှတ်ကို ရက်ပိုင်းအတွင်း အပြီးအစီး ငွေကျပ် သိန်း ၃၀ ကျော် စျေးပေါက်နေကြောင်း သိရှိရသည်။

“နိုင်ငံကူးလက်မှတ်ကို ၃ ရက်အတွင်းအပြီး သိန်း ၃၀ လိုပြောတယ်။ ဘုတ်ကျော်ပေးတာ။ ရှေ့ကတင်ထားတဲ့သူနေရာမှာ ကိုယ်က အစားထိုးဝင်ပြီး နိုင်ငံကူးလက်မှတ်ထုတ်တာ။ ပွဲစားတွေက သိန်း ၃၀ တောင်းတယ်။ သူတိုနဲ့ ရဲတွေနဲ့ ချိတ်ထားတယ်။ QR စောင့်စရာမလိုဘူး။ ရှေ့မှာ လျှောက်ထားတဲ့သူနေရာမှာ ကိုယ်က အစားထိုးဝင်ပြီး ချက်ချင်း ထွက်အောင်လုပ်တာ။ လုပ်တဲ့သူတွေလည်း လုပ်နေကြတယ်။ ရတာလည်း ရသွားကြတယ် ” ဟု အဆိုပါစနစ်အကြောင်း သိရှိထားသူ သတင်းရင်းမြစ်က ရှင်းပြသည်။

လတ်တလော ပြည်ပနိုင်ငံများသို လေကြောင်းလမ်းမှတစ်ဆင့် တရားဝင် သွားရောက်ရန် ကြိုးစားသကဲသို အောက်လမ်းမှ တစ်ဆင့် သွားရောက်မှုများလည်း များပြားကြောင်း သိရှိရသည်။
“ထိုင်းဘက်ကို တာချီလိတ်ကတစ်ဆင့် သွားတာများတယ်။ မြ၀တီဘက်ကတော့ တိုက်ပွဲတွေနဲ့ ညအိပ်ညနေ အဆင်းအတက် သွားရတော့ လူ နည်းတယ်။ ရှိတော့ရှိတယ်။ ရန်ကုန်ကနေ တာချီလိတ်ကနေ လေယာဉ်စီးပြီး။ တာချီလိတ်ကနေ ဝင်တာ။ ချင်းမိုင်အထိ တက်လိုရတော့ အဲဒီလမ်းဘက်ကလည်း ဝင်နေကြတယ်။ အဲဒါ ထိုင်းဘက်ကို နှစ်ပတ်ဝင်လိုရတော့ အဲဒီကလည်း အတော်ကိုသွားနေကြတာ” ဟု ထိုင်း-မြန်မာ ကုန်စည်ပိုဆောင်ရေးလုပ်ကိုင်သူတစ်ဦးက ဆိုသည်။

ထိုပြင် တနင်္သာရီတိုင်းတွင်လည်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကြေညာချက်ထွက်ပြီးနောက်ပိုင်းမှာ ပြည်ပသို လူငယ်များ တဟုန်ထိုးထွက်ခွာနေကြကြောင်း သိရှိရသည်။

ထားဝယ်မြိုနယ်တွင် အရှေ့တောဒေသ နယ်စပ်လမ်းမှ တရားမဝင်ဝင်ရောက်သူ ၅ ဆအထိများပြားလာကြောင်း၊ ယခင်က တရားမဝင်လမ်းမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူ တစ်ရက်ကို လူ ၂၀၀ နီးပါးလောက်ရှိရာမှ ယခုအခါ တစ်ရက်လျှင် လူငယ် ၁,၀၀၀ ဝန်းကျင်အထိ ထိုင်းနိုင်ငံသို သွာ‌ေးရာက်နေကြကြောင်း သိရှိရသည်။

“မနေ့ကဆို တရက်တည်းတစ်ထောင်ကျော်တယ်။ အကြီးအကျယ်ကိုဝင်နေကြပြီဗျ။ ကားတွေဆိုအပြည့်ပဲ” ဟု ထားဝယ်-ထီးခီးလမ်းပေါ် ရမ္မဇူရွာမှာနေထိုင်သူတဦးက ပြောဆိုသည်။

ထိုင်းနိုင်ငံသို ထွက်ခွာနေကြသူများမှာ လူငယ်အမျိုးသား၊ အမျိုးသမီးများဖြစ်ကြောင်း လမ်းပေါ်တွင် စစ်ဆေးရေးဆောင်ရွက်နေသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်ကတစ်ဦးကဆိုသည်။
ထားဝယ်-ထီးခီးလမ်းပေါ်တွင် စစ်ကောင်စီဂိတ် ၄ ခုထက်မနည်းရှိပြီး ငွေကြေးတောင်းခံမှုများရှိသော်လည်း တားဆီးမှုမရှိကြောင်း ဒေသပြည်သူများက ဆိုကြသည်။

ထိုင်း-မြန်မာနယ်စပ်မြိုဖြစ်တဲ့ ကော့သောင်းမြိုနယ်တွင်လည်း ပြည်ပထွက်ခွာသူအများအပြားရှိနေပြီး လှေဆိပ်တွင် လူလတ်ပိုင်းအရွယ်များ ကြိတ်ကြိတ်တိုးနေကြောင်း သိရှိရသည်။

“ပုံမှန်ဆို ကုန်စည်ရောင်းနေတဲ့သူတွေဈေးဝယ်ထွက်မယ် ပြန်လာမယ် အဲလောက်ပဲရှိတာဗျာ။‌ အခုက လူဦးရေဘယ်လောက်ထွက်တယ်ဆိုတာကိုဘဲမပြောနိုင်တာ။ ပဲ့ချိတ်လှေတွေဆိုလည်းမနားရဘူး လူတွေဆိုလည်းတိုးနေတာပဲ။” ဟု ကော့သောင်းမြိုခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်မြိုဖြစ်သည့် မောတောင်မြိုတွင်လည်း လူငယ်များ နယ်စပ်ဖြတ်ကျော် ထွက်ခွာနေကြကြောင်း၊ အလားတူ ရေဖြူမြိုနယ်နဲ့ ဘုတ်ပြင်းမြိုနယ်တိုတွင်လည်း နယ်စပ်ဖြတ်ကျော်ထွက်ခွာမှုများရှိနေကြောင်း သိရှိရသည်။

(တနင်္သာရီတိုင်းနှင့် ရန်ကုန်ခေတ်သစ်သတင်းဌာနတို ပူးပေါင်းရေးသားထားသည်။)

ဓာတ်ပုံ- ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပထွက်ခွာ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article