29 C
Yangon

ဆီဆိုင်မြို့နယ်တွင် ယမန်နေ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးထက်မနည်းသေဆုံး၊ မူးယစ် ဆေးဝါးများနှင့် ခဲယမ်းအချို့သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်မြောက်ဘက်တွင် တိုက်ပွဲ ဖြစ်ပြီး စစ်သား၊ ပြည်သူ့စစ် ၂ ဦးထက်မနည်းသေဆုံးကာ မူးယစ်ဆေးဝါးနှင့်ခဲယမ်းအချို့ သိမ်းဆည်း ရရှိခဲ့ကြောင်း PNLA က ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက် နေ့အချိန် အကြမ်းဖက်စစ်သား၊ လက်အောက်ခံအပေါင်းပါ ပြည်သူ့စစ် များသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) လုံခြုံရေးစစ်ကြောင်းအား ချောင်း မြောင်းပစ်ခတ်ခဲ့သဖြင့် ပြန်လည်ရှင်းလင်းရာ စစ်သား၊ ပြည်သူ့စစ် ၂ ဦး ထက်မနည်းသေဆုံးခဲ့ ကြောင်း ၊ ထိုသို့ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်သည့် နေရာအား ရှင်းလင်းခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ် သား၊ ပြည်သူ့စစ်များထံမှ ကျန်ရှိနေခဲ့သည့် မူးယစ်ဆေးဝါး အထုပ်ကြီး ၂ ထုပ်၊ အထုပ်သေး ၂ ထုပ် နှင့် ခဲယမ်းကျည်ဆံအချို့များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“မနေ့တိုက်ပွဲကတော့ အရမ်းကို ပြင်းထန်ပါတယ်။ စစ်တပ်က တောက်လျှောက်လုံး လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဗုံးကျဲခဲ့တယ်။ ပြည်သူပိုင် နေအိမ် အဆောက်အအုံ ဆိုင်တွေ ပျက်စီး ဆုံးရှုံးမှု အရမ်းကိုများပါတယ်” ဟု PNLA သတင်းရင်းမြစ်က ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article