ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ တစ်နေ့လုံး လေကြောင်းတိုက်ခိုက်သဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန် တန့်ဆည်မြို့နယ်၊ တောဂျင် ကျေးရွာ အနောက်ဖက် မယ်တော်ကြီးတောင်ခြေအနီးဝန်းကျင်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ်ဖြင့် ဗုံးသီး ၂ လုံးထက်မနည်း ကျဲချခဲ့ကြောင်း၊ ယမန်နေ့ ည ၈ နာရီအချိန်၊ ယမန်နေ့ည ၁၁ နာရီ ၃၀ မိနစ်အချိန် တို့တွင်လည်း တိုက်လေယာဉ်ဖြင့် ဗုံးများ၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် သက်ကြီးပိုင်း ပြည်သူ ၁ ဦး သေဆုံးပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ နေအိမ်အဆောက်အအုံများ လည်း ပျက်စီးမှုများ ဖြစ်ပေါ်ကြောင်း သိရှိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက် နေ့ကလည်း တန့်ဆည်မြို့နယ်၊ မိုင်တိုင် ၃၇ ၊ ၃၈ ၊ ၃၉ အနီး လမ်းဘေးဝဲယာကို ဗုံးသီး ၈ လုံးထက်မနည်းကျဲချတိုက်ခိုက်ခဲ့ရာ ကား ၂ စီးပျက်စီးပြီး လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်လောက်မှာ တန့်ဆည်မြို့နယ်၊ တောဂျင်ကျေးရွာ အနောက်ဖက် မယ် တော်ကြီးတောင်ခြေအနီးဝန်းကျင်ကို ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၂ လုံးထက်မနည်း ကျဲခဲ့တာ။ မနေ့ကလည်း မိုင်တိုင် ၃၇ ၊ ၃၈ ၊ ၃၉ အနီး လမ်း ဘေးဝဲ ယာ ကို ဗုံးသီး ၈ လုံးထက်မနည်း တစ်ခါကျဲချခဲ့သေးတယ်၊ အဲဒီဖြစ်စဉ်မှာတော့ ကားနှစ်စီးနဲ့ လူ ၂ ဦး ထိခိုက်ခဲ့ရပါတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



