28 C
Yangon

ကန့်ဘလူတွင် ကျန်းမာရေးမကောင်းသော အသက် ၇၀ အရွယ်အဘိုးအို ၁ ဦး နှင့် အသက် ၃၅ နှစ်အရွယ် လူငယ် ၁ ဦးကို စစ်တပ်က ဓားဖြင့်ထိုးသတ်ပြီး ကိုယ် လက်အင်္ဂါများကို အပိုင်း ပိုင်းဖြတ် တောက်ခဲ့

Must read

ကန့်ဘလူတွင် ကျန်းမာရေးမကောင်းသော အသက် ၇၀ အရွယ်အဘိုးအို ၁ ဦး နှင့် အသက် ၃၅ နှစ်အရွယ် လူငယ် ၁ ဦးကို စစ်တပ်က ဓားဖြင့်ထိုးသတ်ပြီး ကိုယ် လက်အင်္ဂါများကို အပိုင်း ပိုင်းဖြတ် တောက်ခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ခြမ်း၊ ချပ်သင်းတိုက်နယ်အတွင်း လှည်လည်စစ်ကြောင်း ထိုး နေသော အကြမ်း ဖက် စစ်တပ်က ကျန်းမာရေးမကောင်းမွန်သော အသက် ၇၀ အရွယ် အဘိုးအို ၁ ဦးနှင့် အ သက် ၃၅ နှစ်အရွယ် လူငယ် အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးသတ်ပြီး ကိုယ်လက်အင်္ဂါများကို အပိုင်းပိုင်းဖြတ် တောက် ပစ်ခဲ့ကြောင်း Infinity Group မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၅ ရက် နေ့ ကန့်ဘလူမြို့နယ် မြောက်ခြမ်း ချပ်သင်းတိုက်နယ်အတွင်း လှည့်လည် စစ်ကြောင်းထိုးမွှေနှောက်နေသော စစ်တပ်စစ်ကြောင်းက တင်မော်ရွာမှ အ သက် ၇၀ အရွယ် ဦးရဲရွှေ နှင့် အသက် ၃၅ နှစ်အရွယ် ကိုမောင်ချိုတို့ ၂ ဦး ကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် အဘိုးအို ဦးရဲရွှေကို လည်ပင်းကြိုးဖြင့်ချည်နှောင်ကာ ဝမ်းဗိုက်ကို ဓါးဖြင့် ၅ ချက်ခန့်ထိုးသတ်သွားကြောင်း၊ အသက် ၃၅ နှစ်အရွယ် ကိုမောင်ချိုကိုလည်း စစ်တပ်က ကိုယ်လက်အင်္ဂါများ တစစီဖြတ်တောက်ကာ ဝမ်းတွင်း ကလီစာများကိုလည်း ဆွဲထုတ်သတ်ဖြတ်သွားသည်ဟု သိရသည်။

“ကန့်ဘလူမြောက်ခြမ်း၊ ပင့်သာတိုက်နယ်၊ ချပ်သင်းတိုက်နယ်ကို ထိုးနေတဲ့စစ်ကြောင်းဗျ၊ တပတ် ကျော်ပြီး၊ ဒီစစ်ကြောင်းက သတ်တာဆိုရင် ၅ ယောက်ရှိနေပြီ၊ အဘိုးဦးရဲရွှေကတော့ ကျန်းမာရေးမကောင်းတော့ မပြေးနိုင်မလွှားနိုင်ဘဲကျန်ရစ်ပုံရတယ်။ ကိုမောင် ချို ကတော့ ဘယ်လို မိသွားလဲမသိဘူး။ သတ်တာကတော့ ရက်ရက်စက်စက်ကို သတ်သွားတာဗျာ။” ဟု အလောင်းမြင်တွေ့ခဲ့ရသည့် ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်ကသတ်ဖြတ်သွားသည့် တင်မော်ရွာသား ၂ ဦး၏ရုပ်အလောင်းများကို စစ်ကြောင်း ထွက်သွားပြီးနောက် ဖော်ဝါရီ ၁၆ ရက်နေ့၌ ကျေးရွာနေ ပြည်သူများမှ တွေရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကလည်း အင်ငုတ္တိုရွာ သား ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

Photo – ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်တပ်က သတ်ဖြတ်ခဲ့သည့် အင်ငုတ္တိုရွာသား ဦးသိန်းမြင့်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article