26 C
Yangon

မုံရွာမြို့နယ်၊ ညောင်ပင်ရွာကို စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ၇ ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦး စိုးရိမ်ရ၊ စစ်ကြောင်းထိုးနေသဖြင့် ပြည်သူထောင်ချီ ထွက်ပြေးနေရ

Must read

မုံရွာမြို့နယ်၊ ညောင်ပင်ရွာကို စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ၇ ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦး စိုးရိမ်ရ၊ စစ်ကြောင်းထိုးနေသဖြင့် ပြည်သူထောင်ချီ ထွက်ပြေးနေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်ရွာကို စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ၇ ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦး စိုးရိမ်ရကြောင်း‌ ဒေသပြည်သူများက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းတည့်ပိုင်း မုံရွာမြို့ကျောက်စစ်ပုံအမြောက်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ရာ ညောင်ပင်ကျေးရွာအတွင်း လက်နက်ကြီး ၄ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူများထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

” ၇ ယောက်ထိတာ၊ ၅ ယောက်ကတော့ ဆေးကုနေတယ်၊ ၂ ယောက်ကတော့ စိုရိမ်း ရတယ်ကြားတယ်”ဟု ညောင်ပင်ကျေးရွာနှင့် အဆက်စပ်ရှိသည့် ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၂ရက်နေ့ကလည်း မုံရွာမြို့နယ်၊ ထနောင်းတော (တောင်)ရွာသို့ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး ၈ ယောက်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ယနေ့ နံနက်ပိုင်း စစ်ကိုင်းတိုင်း မုံရွာမြို့အနီးရှိ ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေသဖြင့် ဒေသပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

ယနေ့ နံနက် ၆ နာရီဝန်ကျင်အချိန် မုံရွာမြို့နယ်၊ ကျေက္ကာ၊ထနောင်း၀န်း၊ရွာတုံ၊ရေကန်စု စသည့် ကျေးရွာများတွင် စစ်တပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနက်အစောကြီးကတည်းကထွက်ပြေးရတာပဲ။ပြီးတော့ ငြိမ်သွားပြီဆိုလို့ ရွာထဲပြန်၀င်လာတာ။စစ်ကြောင်းက ရွာထိပ်ရောက်နေလို့ အခုတခါ ထပ်ပြေးရတာ”ဟု ရွာတုံကျေးရွာခံပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့အတူ ယနေ့ နံနက်ပိုင်း၊ ဘုတလင်မြို့နယ်၊ မြို့ပေါ်ကျေးရွာနှင့် ဇီးတော(န)ကျေးရွာကိုလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၀င်ရောက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုကြသည်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article