ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်လိုက်သည့် စစ်မှုမထမ်းမနေရ ဥပဒေကို မျိုးဆက်သစ်လူငယ်များနှင့် ပြည်သူများ မပါဝင်ဘဲ ဆန့်ကျင်ပြီး စစ်အာဏာရှင် တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ရန် ကရင်အမျိုးသားအစည်းအရုံး KNU ဗဟို က ယနေ့ တရားဝင် ဖိတ်ခေါ် ကြေညာလိုက်သည်။
မျိုးဆက်သစ်လူငယ်များနှင့် တိုင်းရင်းသားပြည်သူလူထု တရပ်လုံးက စစ်ကောင်စီ၏ မတရားထုတ် ပြန်ထားသည့် ဥပဒေအကောင်အထည်ဖော်မှု လုပ်ငန်းတွင် မပါဝင်ခြင်း၊ နိုင်ငံရေးအံတုမှု လုပ်ငန်း များ ဖြင့် ဆန့်ကျင်ခြင်း၊ တော်လှန်ရေး အဖွဲ့အစည်းများ တွင် ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်း၊ အချင်း ချင်း အကာအကွယ်ပေးသည့် လုပ်ငန်းများ အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်သော ဆန့်ကျင် တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်း လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။
တရားမဝင်အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်သည့် စစ်မှုမထမ်းမနေရ ဥပဒေကို KNU က ကန့် ကွက်ရှုတ်ချပြီး စစ်ကောင်စီနှင့်အလိုပါ လိုက်ပါလုပ်ဆောင်သူများ အားလုံး နောက်ဆက်တွဲအကျိုး ဆက်ကို တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
တရားမဝင်သော ဥပဒေများဖြင့် စစ်ကောင်စီက လူငယ်မျိုးဆက် နှင့် လုပ်သားအရင်းအမြစ် မျိုး ဆက်တခု အား အတင်းအကြပ် တပ်သားသစ် စုဆောင်းပြီး စစ်ပွဲနွံတွင်းသို့ ဆွဲသွင်းခြင်းကို ပြည်သူ လူထုက လိုက်နာရန် မလိုအပ်ကြောင်း၊ စစ်ကောင်စီနှင့် အလိုပါ လုပ်ဆောင်သူများအားလုံးသည် ဤဥပဒေ အကောင် အထည်ဖော်ခြင်း အတွက် ဖြစ်ပေါ်မည့် နောက်ဆက်တွဲ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးဆက်များကို တာဝန်ယူ တာဝန်ခံရမည် ဖြစ်ကြောင်း ပြောကြားသည်။
မျိုးဆက်သစ်လူငယ်များအနေဖြင့် ခေတ်နှင့်လျှော်ညီသည့် တီထွင်ဖန်တည်းနိုင်သော စွမ်းပကားများ ကို အသုံးချလျက် တရားမဝင်သော စစ်ကောင်စီ၏ လုပ်ရပ်အားလုံးကို နည်းမျိုးစုံဖြင့် ဆန့်ကျင်တိုက် ဖျက် သွားကြရန် တိုက်တွန်းလိုပြီး KNU အနေဖြင့်လည်း သက်ဆိုင်ရာ ကဏ္ဍများမှ တတ်စွမ်းသ၍ ပံ့ပိုးကူညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။
ဂုဏ်သိက္ခာရှိသည့် ဆန္ဒ အလျှောက်ပါဝင်သင့်သော ပြည်သူ့စစ်မှုထမ်းဥပဒေကဲ့သို့ ဥပဒေများကို အသက်ဝင်ကြောင်း အတည်ပြု သတ်မှတ်ထုတ်ပြန်ရန်အတွက် စစ်ကောင်စီတွင် တရားဝင်မှုမရှိ ကြောင်း၊ ဤ ဥပဒေ သည် တနိုင်ငံလုံးအား စစ်နွံအတွင်း နက်ရှိုင်းစွာ ကျရောက်စေရန် လုပ်ဆောင် သည့်လုပ်ရပ် ဖြစ်သလို စစ်အာဏာ သက်ဆိုးရှည်စေသည့် လုပ်ရပ်ဖြစ်သည့်အတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU) က ဆန့်ကျင် ကန့်ကွက်ပါကြောင်း KNU ဗဟိုက ထုတ်ပြန် ထားသည်။
“ပြည်သူ့စစ်မှုထမ်းဥပဒေ” သည် တိုင်းပြည်အား ပြည်ပရန်ကျူးကျော်မှုများမှ ကာကွယ်ရန်၊ သဘာဝ ဘေး အန္တရာယ်များနှင့် အကြီးစားမတော်တဆ ဖြစ်ပွားမှုများ စသည်တို့တွင် လူသားချင်းစာနာ ထောက်ထား သော အကူအညီပေးအပ်မှုအပါအဝင် နိုင်ငံပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှု များကို ပံ့ပိုးကူညီရန်အတွက် ဖြည့်ဆည်းပေးအပ်ရမည့် မှန်ကန်သည့် ဝန်ဆောင်မှု ဖြစ်သည်ဟု ဆို သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းသွားမှသာလျှင် စစ်တပ်၏ ပြည်သူလူထု အ ပေါ် နည်းမျိုးစုံဖြင့် ညှင်းပမ်းနှိပ်စက်၊ ဖိနှိပ်အုပ်ချုပ်၊ သွေးခွဲ၊ သတ်ဖြတ် နေမှုများနှင့် နိုင်ငံအား စစ်တ လင်း ပြင်အဖြစ် ဖန်တည်းနေမှုများ ချုပ်ငြိမ်းစေမည်ဖြစ်ကြောင်း KNU ဗဟို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar