28 C
Yangon

မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာမှ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် လာသောကြောင့် မြိုင်ပကဖ ကျပ်သိန်း ၅၀ ဆုချီးမြှင့်

Must read

မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာမှ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် လာသောကြောင့် မြိုင်ပကဖ ကျပ်သိန်း ၅၀ ဆုချီးမြှင့်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများ ယူ ဆောင်ပြီး အလင်းဝင်ရောက်ခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၉ ရက် နေ့က မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာတွင် တာဝန်ကျနေသော ရဲတပ်သား ရဲအောင်သည် နည်းအမျိုးမျိုးဖြင့်ပြည်သူလူထုအပေါ်တွင် ဆိုးသွမ်းယုတ်မာနေသော အကြမ်းဖက် စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်မထမ်းနိုင်တော့သဖြင့် မြိုင်ပကဖနှင့် ဆက်သွယ်၍ ပြည်သူ့ဘက်သို့ အူစီသေနတ် ၁ လတ် ၊ ၄င်းကျည်ဘောက် ၂ ခု ၊ ၉ မမကျည် ၁၇ တောင့်ဖြင့် အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသူ ရဲတပ်သား ရဲအောင်ကို မြိုင်ပကဖ မှ ဆုချီးမြှင့်ငွေ သိန်း ၅၀ ကျပ် တိတိ ချီးမြှင့်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

မြိုင်မြိုနယ်တွင်းရှိ စစ်သား၊ ရဲနှင့်ပျူစောထီးများအနေဖြင့် အမြင်မှန်ရကာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှ ထွက်၍ ပြည်သူ့ရင်ခွင်သိုခိုလုံလိုလျှင် မြိုင်ပကဖမှ နွေးထွေးစွာ ကြိုဆိုလျက်ရှိ ကြောင်း၊ နီးစပ်ရာ မြိုင်ပကဖ ဇုန်၊တိုက်နယ်၊ ရပ်ကျေးအဖွဲဝင်များထံ ဆက်သွယ်နိုင်ကြောင်း အသိ ပေး ထုတ်ပြန်ထားသည်။

ရဲတပ်သား ရဲအောင်သည် ၂၀၂၂ ခုနှစ်၊ ဇွန်လက မြိုင်မြို့နယ်၊ သရက်ကွပျူစောထီး ကျေးရွာတွင် ၁၀ ရက်ခန့် တာဝန်ကျခဲ့ပြီးနောက်မြိုင်မြို့ပေါ်တွင် ၂ ရက်နေထိုင်ခဲ့ကာ ကန်နီပျူစောထီးကျေးရွာ၌ ၂ နှစ် ခန့် တာဝန်ထမ်းဆောင်ခဲ့ရကြောင်း သိရသည်။

ကန်နီပျူစောထီးကျေးရွာ၌ အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ဦး ၊ ရဲ ဦးရှိပြီး စစ်သားနှင့် ရဲ၊ ပျူ စောထီးတို့များမှာ ညစဉ်ညတိုင်းသောက်စားမူးယစ်ကာ အချင်းချင်းခိုက်ရန်ဖြစ်ပွားမှုရှိကြောင်း၊ စစ် သား၊ ရဲများက ပျူစောထီး အမျိုးသား၊ အမျိုးသမီးများအားလုံးကို ကင်းစောင့်ခိုင်းကာ သာသာယာ ယာဖြင့် အရက်သေစာသောက်စားမူးယစ်နေကြကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရိက္ခာလမ်းကြောင်း ပိတ်ဆို့ဖြတ်တောက်ထားမှု အားကောင်း လာသည့် ၃ လအတွင်း ဆန်ပြုတ်ကို စားသောက်ခဲ့ရကာ ဆေးလိပ်တစ်စီးလျှင် ကျပ် ၆ သောင်း နီး ပါး ပေးဝယ်ခဲ့ရသည်ဟု ရဲတပ်သား ရဲအောင်က ထွက်ဆိုခဲ့ကြောင်း မြိုင်ပကဖမှ ထုတ်ပြန်ထားသည်။

ထို့ပြင် ကန်နီပျူစောထီးခေါင်းဆောင် ကျော်ဆန်းဝင်း ၄င်း၏ ညီဖြစ်သူ ရဲမြင့်ဇော် နှင့်သားဖြစ်သူ ကျော်ဇင်မင်းထက် မိသားစုတို့က ကျေးရွာတွင်းအေးဆေးစွာနေလိုကြသော ပြည်သူများကို ပျူစော ထီး အတင်းလုပ်ခိုင်း၍ မလုပ်လျှင် ရိက္ခာဖြတ်ကြောင်း ၊ ပျူစောထီး မလုပ်သူများ၏ ပစ္စည်းများကို သိမ်းဆည်းကြောင်း ၊ စစ်သားများနှင့်ပျူစောထီး အမျိုးသမီး အိမ်ထောင်သည်/အပျိုများကြားတွင် ဖိုမကိစ္စများ များစွာ ဖြစ်နေကြောင်း ၊ ပျူစောထီးကျေးရွာ တော်တော်များသည် ယိုယွင်းပျက်စီးနေ သော လူ့အသိုက်အဝန်းဆီသို ဦးတည်နေကြောင်း ၊ ပျူစောထီးတော်တော်များများသည် ပြည်သူနှင့် ပူးပေါင်း လိုကြသော်လည်း စစ်သားနှင့်ပျူခေါင်းဆောင်များက မိသားစုနှင့်ခြိမ်းခြောက်ထားသဖြင့် မည်သို့မျှထွက်လို့ မရနေကြောင်း ရဲတပ်သားရဲအောင်က ထွက်ဆိုခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article