33 C
Yangon

ပလက်ဝမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဆက်လက် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၅ ဦး ထိမှန်သေဆုံး

Must read

ပလက်ဝမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဆက်လက် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၅ ဦး ထိမှန်သေဆုံး

ရန်ကုန်| ဖေဖော်ဝါရီ ၂၂

ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထားသော ပလက်ဝမြို့နှင့် အနီးတစ်ဝိုက်ကို အာဏာသိမ်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု ဆက်လက်ရှိနေပြီး ပြီးခဲ့သည့် အပတ်က ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများနှင့် ဒေသတွင်းသတင်းများက ဖော်ပြကြသည်။

နှစ်ဖက်အပြန်အလှန် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ ဖေဖော်ဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့က စစ်ကောင်စီမှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများပြုခဲ့သည်ဟု ဒေသတွင်း ကီမိုသတင်းက ဖော်ပြသည်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် စက်သေနတ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ပလက်ဝမြို့ပေါ်မှ အပြစ်မဲ့အရပ်သား အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရသည်ဟု သိရသည်။

ပလက်ဝဒေသခံတစ်ဦးက ” ၁၁ ရက်နဲ့ ၁၂ ရက်နေ့မှာ မြို့မရပ်ကွက်၊ မြေနီကုန်းမှာ နာရေးတစ်ခုရှိလို့ လူတွေအများကြီး စုနေကြတာ။ အဲဒါကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ။ ” ဟု ပြောသည်။

သေဆုံးသူ ၅ ဦးမှာ အသက် ၂၅ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၅ နှစ်အရွယ်နှင့် အသက် ၁၄ နှစ်အရွယ် ယောကျာ်းလေးနှစ်ဦး၊ အသက် ၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၁၉ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးတို့ ဖြစ်ကြသည်။

ယင်းအပြင် လူနေအိမ် ၃ ဆောင်းနှင့် နှစ်ခြင်းနယ်အဖွဲ့ရုံးအဆောက်အဦးတို့မှာလည်း ပြတင်းပေါက်မှန်များထိမှန်ကာ ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံတစ်ဦးက “ဦးဆာခူး နေအိမ်နဲ့ ဦးပတ်လုံး နေအိမ် ပျက်စီးသွားတာ၊ ပြီးတော့ ပလက်ဝနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာနေအိမ်လည်းပျက်စီးသွားတယ်။ နှစ်ခြင်းနယ်အဖွဲ့ရုံး ပြုတင်းပေါက်မှန်တွေလည်း ပျက်စီးသွားပါတယ်။အဲဒီအိမ်တွေမှာက လူတွေမရှိကြတော့ အိမ်ရှင်တွေက ထိခိုက်ဒဏ်ရာရတာမရှိဘူး။” ဟု ပြောသည်။

စစ်ကောင်စီ၏ ပလက်ဝမြို့အခြေစိုက် ခလရ ၂၈၉ တပ်ရင်းဌာနချုပ်ကို ဇန်နဝါရီ ၁၀ ရက်တွင် ရက္ခိုင့်တပ်တော် AA မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးနောက် ပလက်ဝဒေသတစ်ခုလုံးကို AA က ထိန်းချုပ်ထားခြင်းဖြစ်သည်။

ပုံစာ – ဖေဖော်ဝါရီ ၁၁ ရက်နှင့် ၁၂ ရက်နေ့တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် ပလက်ဝမြို့က ပျက်စီးသွားသော အဆောက်အဦးများ။

(Western News သည် ရန်ကုန်ခေတ်သစ်၏မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article